တရုတ်စားသောက်ဆိုင်တွေမှာ သွားစားရင် ကြက်ဥ၊ ဘဲဥလေးတွေက ရွှေရောင်ဝန်းနေတာကို တွေ့ဖူးကြမှာပါ။
ဒီလိုဖြစ်အောင်ချက်တဲ့ နည်းလမ်းက လွယ်ကူ ရိုးရှင်းပါတယ်။
ပါဝင်ပစ္စည်းများ
ခြေအိတ် အပါး
ကြက်ဥ သို့ ဘဲဥ
အဆင့် (၁) ကြက်ဥ သို့ ဘဲ ဥ ကို ခြေအိတ်ထဲကိုထည့်လိုက်ပါ။
ကြက်ဥ သို့ ဘဲဥ အစိမ်းကို ခြေအိတ်ထဲကို ထည့်လိုက်ပါ။ တစ်ခါထည့်တိုင်း တစ်လုံးထဲထည့်ပါ။
၂ ဖက်လုံးကို သေချာကိုင်ထားပြီး ကြက်ဥ သို့ ဘဲဥကို ပုံပါအတိုင်း လှုပ်ပါ။
ခြေအိတ်ကို ဆွဲတင်းလိုက်၊ လှည့်လိုက်လုပ်တာကို ၁၀ မိနစ်လောက်လုပ်ပါ။
အကယ်၍ ကြက်ဥ သို့ ဘဲ ဥက ဟိုဘက်ပြေး၊ ဒီဘက်ပြေးဖြစ်နေရင် အလယ်ကို သားရေကွင်းနဲ့ စည်းထားလို့ရပါတယ်။
အဆင့် (၂) ဓာတ်မီးနဲ့ စစ်ဆေးကြည့်ပါ။
ကြက်ဥ သို့ ဘဲဥ ကို အမှောင်အခန်းထဲမှာ ဓာတ်မီးနဲ့ထိုးပြီး စစ်ဆေးကြည့်ပါ။ စမတ်ဖုန်းတွေမှာပါဝင်တဲ့ ဓာတ်မီးနဲ့ စစ်ဆေးလည်းရပါတယ်။
ကြက်ဥ သို့ ဘဲဥကို ဓာတ်မီးအပေါ်တင်လိုက်ပါ။ ကြက်ဥ သို့ ဘဲဥက အနီရောင်ပြောင်းနေရင် ရပြီဖြစ်ပြီး အဝါရောင်ဖြစ်နေရင် ထပ်လှုပ်ဖို့ လိုပါတယ်။
အဆင့် (၃) ကြက်ဥ သို့ ဘဲဥကို ပြုတ်လိုက်ပါ။
ခါတိုင်း ကြက်ဥ သို့ဘဲဥ ပြုတ်သလို ကျက်တဲ့အထိ ပြုတ်လိုက်ပါ။
အဆင့် (၄) ကြက်ဥ သို့ ဘဲဥ အခွံခွာလိုက်ပါ။
Photo Credit: www.fabhow.com
ကြက်ဥ သို့ ဘဲဥ အခွံခွာလိုက်ရင် ရွှေအိုရောင် ကြက်ဥ သို့ ဘဲဥလေးကို တွေ့ရမှာဖြစ်ပါတယ်။
ဒါဆိုရင်တော့ ရွှေအိုရောင် ကြက်ဥလေးကို စားသုံးလို့ရပါပြီ။