ပါဝင်ပစ္စည်းများ
- သရက်သီးအသေး ၄ လုံး
- ကြက်သွန်ဖြူ ၁ လုံး
- ကြက်သွန်နီ ၁ လုံး
- ငြုတ်သီးစိမ်း အနီတောင့် ၇ တောင့်
- ဆနွင်း အနဲငယ်
- ငြုတ်ခွဲကြမ်း
- ငါးငံပြာရည်
- ဟင်းခတ်မှုန့်
- ပုဇွန်ခြောက်မှုန့်
- ဆီ
- ဆား
ပြုလုပ်နည်း
- သရက်သီးအသေး ၄လုံး အခွံနွှာ ပါးပါးလှီး ရေစိမ် ထားတယ်။ ဆီပူလာရင် ထောင်းထားတဲ့ ကြက်သွန်ဖြူ ၁ လုံး၊ ကြက်သွန်နီ ၁ လုံး၊ ငြုတ်သီးစိမ်း အနီတောင့် ၇ တောင့်ကို ဆနွင်းအနဲငယ် နဲ့ ဆီသတ်ပါ။
- ငြုတ်ခွဲကြမ်း ထည့်ပါ။ ငါးငံပြာရည် ထည့်ကြော်ပါ။ ပါးပါးလှီးထားတဲ့ သရက်သီးထည့်၊ ဟင်းခတ်မှုန့် ထည့်ပါ။ သရက်သီးတွေ နွမ်းလာမှ ပုဇွန်ခြောက်မှုန့်ထည့် မွှေပါ။
- ငြုတ်ခွဲကြမ်းတွေမှာ ဆားပါတတ်လို့ လိုအပ်မှ ငါးငံပြာရည် ထည့်ပါ ။ ဆီပြန်လာရင် မီးပိတ်လို့ ရပါပြီ။