ချဉ်ငံစပ်ဆိမ့် ကြိုက်သူများအတွက် မရမ်းသီးစိမ်းကို ပဲပုတ်စေ့နဲ့ ကြော်ထားတယ် ။ အနံက မွေးမွေးလေးက ဆွဲဆောင်မှုများ ပေးသလို ထမင်း မိန်စေသော အရသာလဲ အပြည့်အဝရှိတာကြောင့်ကြော် စားလို့ရအောင် ရှယ်လိုက်ပါတယ် ။ ကြော်စားဖြစ်အောင် ကြော် စားကြည့်ရအောင်နော် ။

ပါဝင်ပစ္စည်းများ

  • မရမ်းသီးစိမ်း – ၁၀ ကျပ်သား (စေ့ထုပ်ပြီး အရှည်လိုက်လေးတွေလှီးထားပါ)
  • ပဲပုတ်စေ့ – ၃ ဇွန်း စားဇွန်း
  • ဆား – အနည်းငယ်
  • ရှမ်းနံနံ – ၃ ပင် (အရွက်ချွေပြီး ခတ်သေးသေးလှီးထားပါ)

ပြင်ဆင်ပြုလုပ်နည်း

  1. မကပ်သော အကြော်အိုးထဲသို့ ဆီထည့်ပါ ။ ပူလာလျှင် အုပ်စု (က) မှ ကြက်သွန်နီနဲ့ နနွင်းမှုန့်ကို အရင်ဆီသတ်ပါ ။  နွမ်းလာလျှင် ကျန်အုပ်စု (က) မှ ပါဝင်ပစ္စည်းများ ထည့်ပြီး နှံ့အောင်မွှေပါ ။
  2. အားလုံံးမွှေးပြီး ရွှေရောင်သန်းလာလျှင် ပဲပုတ်စေ့ထည့်ပါ ။  အနည်းငယ် ခြောက်ပြီး ပဲပုတ်စေ့လေးများ အနည်းငယ်ကျွတ်လာလျှင် မရမ်းသီးများ ရောပါ ။
  3.  နှံ့အောင် မွှေပေးပါ ။  မရမ်းသီး နွမ်းလာလျှင် ကျန်ပါဝင်ပစ္စည်းများ ထည့်ပြီး နှံ့အောင်မွှေပါ ။  ဆားမြည်းပြီး လိုတာထပ်ဖြည့်နိုင်ပါတယ် ။  ထမင်းပူပူကို ပဲဟင်းရည် နဲ့ တွဲစားမယ်ဆိုလျင် အင်မတန် လိုက်ဖက်ပါတယ် ။ မှတ်ချက် ။ ။ အငံလျှော့ချက်မယ် ဆိုရင်တော့ ဆား နှင့် ငံပြာရည် မထည်ပဲ ချက်ပါ ။

အုပ်စု (က)

  • ငရုတ်သီးခွဲကြမ်း – ၃ ဇွန်းခွဲ (စားပွဲဇွန်း)
  • နေကြာဆီ – ၄ ဇွန်းခွဲ (စားပွဲဇွန်း)
  • ကြက်သွန်နီ – ၃ လုံး (ထောင်းထားပါ)
  • ကြက်သွန်ဖြူ – ၆ မွှာ (ထောင်းထားပါ)
  • နနွင်းမှုန့် – ၁/၂ ဇွန်း (လက်ဖက်ဇွန်း)
  • ဂျင်း – ၁ ဇွန်းလက်ဖက်ဇွန်း (ထောင်းထားပါ)

Credit: Syilwin Foodsgarden