ကိုရီးယားချစ်ပရိတ်သတ်များ အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်မှာတော့ ကိုရီးယား ခေါက်ဆွဲအေး – Mool Naeng Myeon (ရေခေါက်ဆွဲ) လုပ်စားရအောင်ပါ

ပါဝင်ပစ္စည်းများ

  • ပန်းဂျုံခေါက်ဆွဲအသေး
  • ကြက်ပြုတ်ရည်
  • အမဲပြုတ်ရည် (ကြိုက်နှစ်သက်ရာအသားပြုတ်ရည်)
  • ကြက်သား(သို့)အမဲသား
  • ဗီနီဂါ
  • သစ်တော်သီး
  • သခွားသီး
  • ကြက်ဥပြုတ် မကျက်တကျက်
  • မုန်လာဥဖြူ အချဉ်
  • ဆား
  • သကြား
  • ရေခဲတုန်း

ပြုလုပ်နည်း

  1. ပန်းဂျုံခေါက်ဆွဲက ဂျပန်အမည်နဲ့ (Soba) ဆိုးဘ ခေါက်ဆွဲလို့ ခေါ်ပြီး ကိုရီးယားလိုတော့ (메밀 라면) မယ်မီ လာမြောင်လို့ ခေါ်ပါတယ်။
  2. အသားပြုတ်ရည် နှစ်မျိုးရောပြီး ဗီနီဂါအနည်းငယ် ၊ ဆား ၊သကြား အနည်းငယ် ထည့့်ပြီး အရသာကို စိတ်ကြိုက်လုပ်နိုင်ပါတယ်။
  3. ပြီးရင် မီးဖိုပေါ်မှာ တည်ပေးပြီး အအေးခံ ထားပါ။ ဒါမှမဟုတ် ရေခဲသေတ္တာထဲမှာ ထည့်ပြီး အအေးခံပါ။ ခေါက်ဆွဲကို ပြုတ်ပြီး ရေဆေးပြီး ဇကာထဲထည့် ရေစစ်ထားပါ။
  4. ပြီးရင် ပန်းကန်ထဲထည့်၊ ခုနက လုပ်ထားတဲ့ အသားပြုတ်ရည်ထည့်၊ ရေခဲသေတ္တာနဲ့ အအေးမခံဘဲ ချက်ချင်းစားမယ် ဆိုရင်တော့ ရေခဲတုန်းလေးတွေ အနည်းငယ်ထည့်ပါ။
  5. အပေါ်ကနေ သခွားသီး လှီးထားတာ အနည်းငယ်၊ သစ်တော်သီးအနည်းငယ် ၊ အသားအနည်းငယ် ၊ ကြက်ဥပြုတ်တင် ၊ နှမ်းနည်းနည်းဖြူး ၊ မုန်လာဥဖြူ အချဉ်နဲ့ တွဲပြီး သုံးဆောင်လို့ရပါပြီ။

Credit: ဆန်ဂို့ဟင်းလျာများ-Sango’s Curries