ကိုရီးယားချစ်ပရိတ်သတ်များ အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်မှာတော့ ကိုရီးယား ခေါက်ဆွဲအေး – Mool Naeng Myeon (ရေခေါက်ဆွဲ) လုပ်စားရအောင်ပါ
ပါဝင်ပစ္စည်းများ
- ပန်းဂျုံခေါက်ဆွဲအသေး
- ကြက်ပြုတ်ရည်
- အမဲပြုတ်ရည် (ကြိုက်နှစ်သက်ရာအသားပြုတ်ရည်)
- ကြက်သား(သို့)အမဲသား
- ဗီနီဂါ
- သစ်တော်သီး
- သခွားသီး
- ကြက်ဥပြုတ် မကျက်တကျက်
- မုန်လာဥဖြူ အချဉ်
- ဆား
- သကြား
- ရေခဲတုန်း
ပြုလုပ်နည်း
- ပန်းဂျုံခေါက်ဆွဲက ဂျပန်အမည်နဲ့ (Soba) ဆိုးဘ ခေါက်ဆွဲလို့ ခေါ်ပြီး ကိုရီးယားလိုတော့ (메밀 라면) မယ်မီ လာမြောင်လို့ ခေါ်ပါတယ်။
- အသားပြုတ်ရည် နှစ်မျိုးရောပြီး ဗီနီဂါအနည်းငယ် ၊ ဆား ၊သကြား အနည်းငယ် ထည့်ပြီး အရသာကို စိတ်ကြိုက်လုပ်နိုင်ပါတယ်။
- ပြီးရင် မီးဖိုပေါ်မှာ တည်ပေးပြီး အအေးခံ ထားပါ။ ဒါမှမဟုတ် ရေခဲသေတ္တာထဲမှာ ထည့်ပြီး အအေးခံပါ။ ခေါက်ဆွဲကို ပြုတ်ပြီး ရေဆေးပြီး ဇကာထဲထည့် ရေစစ်ထားပါ။
- ပြီးရင် ပန်းကန်ထဲထည့်၊ ခုနက လုပ်ထားတဲ့ အသားပြုတ်ရည်ထည့်၊ ရေခဲသေတ္တာနဲ့ အအေးမခံဘဲ ချက်ချင်းစားမယ် ဆိုရင်တော့ ရေခဲတုန်းလေးတွေ အနည်းငယ်ထည့်ပါ။
- အပေါ်ကနေ သခွားသီး လှီးထားတာ အနည်းငယ်၊ သစ်တော်သီးအနည်းငယ် ၊ အသားအနည်းငယ် ၊ ကြက်ဥပြုတ်တင် ၊ နှမ်းနည်းနည်းဖြူး ၊ မုန်လာဥဖြူ အချဉ်နဲ့ တွဲပြီး သုံးဆောင်လို့ ရပါပြီ။
Credit: ဆန်ဂို့ဟင်းလျာများ-Sango’s Curries