(Zawgyi)

lthaa Undersea Restaurant








Guy Savoy



(Unicode)


Maldives, Conrad Rangali ကျွန်း မှာ တည်ရှိပါတယ်။ Maldives ကျွန်းရောက်ရင်လည်း ဝင်လည်လိုက်ကြဦးနော်။ ပုံမှန်အားဖြင့် တစ်ယောက်ကို အမေရိကန်ဒေါ်လာ ၄၃၅လောက်ကျပါတယ်။

ရေအောက် စားသောက်ဆိုင်တစ်ခုဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အောက် ၅ မီတာမှာ ဆောက်လုပ်ထားတာပါ။

မျက်စိအစာကျွေးလို့လည်းရသလို ဗိုက်လည်းပြည့်စေမယ့် စားသောက်ဆိုင်မျိုးပါ။ စားသောက်ရင်း ရေအောက်ကြမ်းပြင်ရဲ့ အလှအပတွေ၊ ငါးတွေရဲ့ အလှအပတွေပါ ခံစားရမယ့် ဆိုင်မျိုးပါ။

ဥရောပစတိုင် အစားအစာတွေဖြစ်ပြီး နေ့လည်စာအတွက် Set ၄ မျိုးရှိကာ ညစာအတွက် Set ၆မျိုး ရှိပါတယ်။

အမေရိကန်ဒေါ်လာ ၁၉ ၅ ကနေ ၃၂၀ လောက် အထိ ဟင်းပွဲတွေက ဈေးအမျိုးမျိုးရှိပါတယ်။

Restaurant de l’Hôtel de Ville

ဆွစ်ဇာလန်နိုင်ငံ မှာရှိတဲ့ စားသောက်ဆိုင်ပါ။ တစ်ယောက်ကို အမေရိကန်ဒေါ်လာ ၅၃၂ လောက်ကျမှာဖြစ်ပြီး ဝိုင်မှာပြီးသောက်ရင်တော့ ပိုကျမှာပါ။ ဝိုင်အမျိုးအစား Menu က စာမျက်နှာ ၄၀ လောက်ရှိပြီး ဝိုင်အမျိုးအစား အစုံအလင်ရရှိမှာဖြစ်ပါတယ်။

Guy Savoy

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာတည်ရှိတဲ့ စားသောက်ဆိုင်ဖြစ်ပြီး တစ်ယောက်ကို အမေရိကန်ဒေါ်လာ ၆၂၆ လောက်ကျမှာဖြစ်ပါတယ်။

Seine မြစ်ဘေးနားမှာ တည်ဆောက်ထားတာဖြစ်ပြီး ဟင်း setလိုက်ဆိုရင် တစ်ယောက်ကို အမေရိကန်ဒေါ်လာ ၆၂၆လောက် ကုန်ကျပါတယ်။