မိုးကုတ်မှာ ဗူးသီးကြော်ရင် ဂျူးမြစ်လေးထည့်ကြော် တတ်ပါတယ်။
ပါဝင်ပစ္စည်းများ
- ဗူးသီးအလတ် – ၁ စိတ်
- ဂျူးမြစ် – ၁ ထုံး
- ရွှေလိပ်ပြာ အကြော်မှုန် – ၁ ထုပ်
- ဂျင်းသေးသေး – ၁ တက် (ညှက်အောင်ထောင်းပါ)
- ငရုတ်ကောင်းမှုန့် – အနည်းငယ်
- ရေ ကြက်သီးနွေး – ၁ လက်ဖက်ရည် ပန်းကန်လုံးခန်.
ပြုလုပ်နည်း
ဗူးသီးနုရင် အခွံခွာစရာ မလိုသလို အတွင်း အူတိုင်တွေလည်း ထုတ်ဖို မလိုအပ်ပါ။ အနည်းငယ် ရင့်ရင်တော့ အခွံခွါ ၊ အစေ့ထုတ်ပြီး လက်သန်းအရွယ် အချောင်းလေးများ လှီးဖြတ်ပါ။ (မှတ်ချက် – မလှီးဖြတ်ခင် ရေဆေးပါ ။ လှီးဖြတ်ပြီးမှ ရေမဆေးရ။ )
ဂျူးမြစ်တွေကိုလည်း မတိုမရှည် ဖြတ်ပြီး သဲစင်အောင် ရေဆေးစစ် ထားပါ။
ရွှေလိပ်ပြာ အကြော်မှုန့်ကို ဇလုံ ခပ်ကြီးကြီးထဲမှာ ထည့်ပြီး ၊ ငရုတ်ကောင်းမှုန့် ၊ ထောင်းထားသော ဂျင်း ၊ ပာင်းခတ်မှုန့်၊ ရေတိုနဲ့ မပျစ်မကျဲ ရအောင် ဖျော်ပေးပါ။ (ဆား မထည့်ရ။ ဆားထည့်ပါက လျင်မြန်စွာ ပျော့တတ်သည်။)
ဗူးသီးချောင်များနှင့် ဂျူးမြစ် မုန့်နှစ်ထဲ ထည့်နယ်ပြီး အပျစ်အကျဲ ချိန်ဆပါ။ စေးထန်းနေလျှင် ရေ အနည်းငယ် ထပ်ထည့်ပြီး၊ ကျဲနေရင်တော့ အကြော်မှုန့် ထပ်ထည့်ပါ ။
လက်ဖက်ရည် အောက်ခံ ပန်းကန်ပြားလေးကို အသုံးပြုပြီး ဗူးသီးချောင်း ၄-၅ ချောင်းကို မိမိလိုအပ်သလို ပုံဖော်ပြီး ပူနေတဲ့ ဆီအိုး အတွင်းကို လက်နဲ့ အသာ လျှောချထည့်ပါ။
ရွှေအိုရောင် ရလာရင် ဆယ်ယူ စစ်ထားပြီး ၊ မန်ကျည်သီးမှည့်ရည် ၊ ငံပြာရည် ၊ ပာင်းခတ်မှုန့်၊ ကြက်သွန်နီ ၊ ပူဒီနံ ၊ ငရုတ်စိမ်းအကြမ်းမှုန့် တို့နှင့်စပ်ထားသော အချဉ်ရည်လေးနှင့် တွဲဖက် သုံးဆောင်ပါ။
မှတ်ချက် – ဆန်မှုန့် ကိုယ်တိုင်စပ်လျှင် ဆန်မှုန့် (၂) ဆ ၊ ပဲစိမ်းမှုန့် (၁) ဆ ရောစပ်နိုင်ပါတယ်။
Credit: Original Uploader & Shanti Bogati