ပါဝင်ပစ္စည်းများ
- ဝက်ပေါင်သား (3 layered Pork) = (400 g) ၂၅ ကျပ်သား
- ကြက်သွန်နီ (Onion) = (3 cloves) ၃ လုံး
- ကြက်သွန်ဖြူ ( Garlic ) = (5 cloves) ၅ တတ်
- ချင်း ( Ginger ) = (50 g) ၃ကျပ်သားခန့် 
- သကြား (Sugar) = (3 tbsp) ၃စားပွဲတင်ဇွန်း
- ငရုပ်ကောင်းမှုန့်  (Crushed Black Pepper) = (¼ tsp) ၀.၂၅ လ္ဘက်ဇွန်း
- ခနော ကြက်သားမှုန့်  (Knorr Seasoning Pwd) = (2 tbsp) ၂ စားပွဲတင်ဇွန်း
- ပဲဆီသန့်  (Peanut Oil) = (3 tbsp) ၃ စားပွဲတင်ဇွန်း
- ရေသန့်  (Water) = (1 Lt) ၁ လီတာ
ပြင်ဆင်ချက်ပြုတ်ပုံအညွှန်း
- ဝက်ပေါင်သား ( ဝက်သုံးထပ်သား ) ကို ၁ လက်မခန့် အတုံးများလှီးပြီး ခနောကြက်သားမှုန့် ၁စွန်းဖြင့် အရသာသွင်း ထားပါ။ ကြက်သွန်နီ ကိုပါးပါးလှီးရျွ် ကြက်သွန်ဖြူ နှင့် ချင်း ကို ဓါးပြားရိုက်ထားပါ။
- ဒယ်အိုးကို အပူပေးပြီး သကြားထည့်ရျွ် သကြားပျော်အောင်ချက်ပါ။ သကြားပျော်လျှင် အသင့်အရသာသွင်းထားသော ဝက်ပေါင်သား ( ဝက်သုံးထပ်သား ) ကိုထည့်ချက်ပေးပါ။
- ဝက်ပေါင်သား( ဝက်သုံးထပ်သား) ညိုလာလျှင် ပဲဆီသန့် အနည်းငယ်ထည့်ချက်ပြီး ပဲဆီပူလာလျှင် အသင့်လှီးထား သော ကြက်သွန်နီ ထည့်ချက်ပေးပါ။ )ကြက်သွန်နီ ညိုလာလျှင် ချင်း နှင့် ကြက်သွန်ဖြူ ထည့်ချက်ပြီး ရေသန့် ၊ ခနော ကြက်သားမှုန့် ၁ စွန်း၊ငရုပ်ကောင်းမှုန့်  တို့ ထည့်ချက် ပြီး ဝက်ပေါင်သား နူးသည်အထိမီးပျော့ပျော့ဖြင့်ချက်ထားပါ။ အထက်မှာဖော်ပြထားတဲ့ အဆင့်တွေ အကုန်ပြီးသွားရင်တော့ အနံ့အရသာနှင့် ပြည့်စုံတဲ့ဟင်းတစ်ခွက်ကို သင်သုံးဆောင်နိုင်ပါပြီ။
Knorr