ပါဝင်ပစ္စည်းများ
- ကြက်သား
- ကြက်သွန်နီ
- ကြက်သွန်ဖြူ
- ဂျင်း
- ငြုပ်သီး
- နနွင်းမှုန့်
- အရောင်တင်မှုန့်
- ငံပြာရည်
- ဆီ
- ဆား
ပြုလုပ်နည်း
- ကြက်သားကို ထောင်းထားတဲ့ ငြုပ်သီး ၊ ဂျင်း ၊ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ နနွင်းမှုန့် ၊ အရောင်တင်မှုန့် ၊ ဆား ၊ ငံပြာရည် တို့နှင့် နယ်ပြီး နှပ်ထားပါ ။
- အိုးထဲတွင် ဆီ အနည်းငယ် ထည့်ပြီး သေချာစွာ နယ်နှပ်ထားသည့် ကြက်သားများကို လုံးချက်ပါ ။
- ပြီးလျင် ရေကို မြုပ်ရုံ ထည့်ပြီး မီးအေးအေးဖြင့် တည်ပါ ။
- ကြက်သားများ နူးရျ် ဆီလည်ရေလည် ဖြစ်လာလျင် အရသာ အပေါ့အငံမြည်းရျ် သုံးဆောင်နိုင်ပါပြီ ။
Credit: Ko Thank