အခုလို H1N1 ဆိုတဲ့ ရာသီပေါ် တုပ်ကွေးကြောင့် လူတွေအများအားဖြင့် စိုးရိမ်တကြီးဖြစ်နေကြချိန်မှာ ကိုယ်ခံအားကောင်းနေမယ်ဆိုရင်တော့ သိပ်စိုးရိမ်ပူပန်စရာမလိုပါဘူး။ ကိုယ်ခံအားစနစ်ကောင်းမွန်ရင် ရောဂါကူးစက်ခံရမှု နည်းနိုင်ပြီး တကယ်လို့ ရောဂါကူးစက်ခံရရင်လည်း အလွယ်တကူ ပြန်လည်ကုသနိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ်ခံအားစနစ်ကောင်းမွန်ဖို့လိုအပ်ပါတယ်။

Here-is-What-Can-Happen-if-You-Eat-Honey-and-Cinnamon-Every-Day

ကိုယ်ခံအားစနစ်ကောင်းမွန်ဖို့ဆိုရင် အာဟာရဓာတ်ညီညွှတ်မျှတအောင် စားဖို့လိုအပ်သလို ကိုယ်ခံအားကောင်းမွန်စေတဲ့ အစားအစာတွေစားပေးဖို့လိုအပ်ပါတယ်။ တစ်နေကုန် ပင်ပန်းနွမ်းနယ်မှုကင်းပြီး ကိုယ်ခံအားကောင်းမွန်စေဖို့ ပျားရည်ကို သတိရပါ။

ပျားရည်ဟာ အရသာရှိရုံသာမက ကျန်းမာရေးအတွက်ရော အလှပအတွက်ပါကောင်းမွန်ပါတယ်။ ပျားရည်သောက်တာဟာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာရှိနေတယ်ဆိုတာ စာဖတ်သူတို့လည်း သိပြီးသားဖြစ်မှာပါ။

အထူးသဖြင့်တော့ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။ ကာဗွန်ဟိုက်ဒရိတ်ဓာတ်ပါဝင်လို့ ခန္ဓာကိုယ်အတွက် အားအင်တိုးမြင့်ပြီး သန်မာစေပါတယ်။ လူတစ်ယောက်ရဲ့ ခံနိုင်ရည်စွမ်း၊ လုပ်ဆောင်နိုင်မှုစွမ်းရည်ကို မြှင့်တင်ပေးပြီး ကြွက်သား ပင်ပန်းနွမ်းနယ်မှုကို လျှော့ချနိုင်ဖို့အတွက် အားကစားသမားတွေဟာ ပျားရည်ကို သောက်သုံးကြပါတယ်။

ကလေးတွေအပါအ၀င် လူကြီးတွေအနေနဲ့ရော ကိုယ်ခံအားကောင်းမွန်စေဖို့ အိပ်ယာမ၀င်ခင်မှာ ပျားရည် စားပွဲတင်ဇွန်း တစ်ဇွန်း လောက်သောက်ပေးသင့်ပါတယ်။

သဘာဝသကြားဓာတ်ပါဝင်လို့ လေ့ကျင့်ခန်းလုပ်နေချိန်မှာလည်း ပင်ပန်းနွမ်းနယ်မှုကို ကာကွယ်ပေးနိုင်ပါတယ်။ ပျားရည်ဟာ အာဟာရဓာတ်တွေကို လျင်မြန်စွာ စုပ်ယူနိုင်စွမ်းလည်းရှိပါတယ်။ ဒါ့ကြောင့် လေ့ကျင့်ခန်းမလုပ်ခင် လမ်းမလျှောက်ခင်မှာ ပျားရည်စားပွဲတင်ဇွန်း တစ်ဇွန်းစာလောက် စားသွားပါ။

tea3

ပျားရည်မှာ Antioxidant နဲ့ Antibacterial ပစ္စည်းတွေပါဝင်ပြီး အစာချေစနစ်ကိုကောင်းမွန်စေသလို ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးလို့ ရောဂါပိုးမွှား အလွယ်တကူ ကူးစက်ခံရခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။ တစ်နေ့တာလုံးအတွက် ကိုယ်ခံအားကောင်းမွန်နေစေဖို့ မနက်စာမစားခင်မှာ ရေနွေးပူပူတစ်ခွက်ထဲကို ပျားရည်ထည့် သံပုရာသီးနည်းနည်း ညှစ်ထည့်ပြီး သောက်ပေးပါ။

ပျားရည်ဝယ်မယ်ဆိုရင်

Myanmar Honey Farms Co., Ltd. ကထုတ်လုပ်တဲ့ ၁၀၀% ပျားရည်စစ်စစ် ထုတ်ကုန်တွေကို နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့အညီ ထုတ်လုပ်ပေးထားပြီးတော့ ပြည်တွင်းဈေးကွက်အပြင် နိုင်ငံခြားဈေးကွက်တွေဖြစ်တဲ့(Japan, USA, EU) နိုင်ငံတွေကိုလည်း ရောင်းချပေးနေပါတယ်။ FDA, Halal, ISO, HACCP, GMP စတဲ့ အစားအသောက်ထုတ်လုပ်မှုဆိုင်ရာ ထောက်ခံချက်လက်မှတ်တွေကိုလည်း ရရှိထားတဲ့အပြင် စားသုံးသူများ ဘေးဥပါတ်ကင်းစေရန် Germany နိုင်ငံရှိ နာမည်ကြီး Intertek Lab တွင် ပုံမှန်စစ်ဆေးများပြုလုပ်ထားသော ထုတ်ကုန်တွေဖြစ်ပါတယ်။ Myanmar Honey Farms Co., Ltd. ကနေ ထုတ်လုပ်တဲ့ PURE HONEY (1000G, 200G) နှင့် Mouth Khakabo (420g)တွေကို မြန်မာနိုင်ငံမြို့ကြီးတွေမှာရှိတဲ့ City Mart, Ocean, Market Place, Capital, Gandamar, Orange, Sein Gay Har, Gamone Pwint, Victoria, Super One, One Stop Mart, Pro Mart, Go Green, City Express စတဲ့ဆိုင်ကြီးတွေအပြင် Modern Trade ဆိုင်ကြီးတွေနဲ့ အခြားစတိုးဆိုင်တွေ၊ လက်လီဆိုင်တွေမှာလည်း ၀ယ်ယူရရှိနိုင်ပါတယ်။ 100% စစ်မှန်တဲ့ ပျားရည်စစ်စစ်ကိုမှ စားသုံးချင်သူတွေအတွက် ရွေးချယ်စရာ Healthy Food တစ်မျိုးဖြစ်တဲ့ ပျားရည်ကို မိတ်ဆက်ပေးလိုက်ပါတယ်။