ခုလို သရက်သီး ပေါတဲ့ အချိန်အခါမှာ သရက်သီး ငါးပိထောင်းကို ဒီလိုလုပ်စား ဖြစ်ပါတယ် ။ ထမင်း ပူပူလေး နဲ့ စားရင် အရမ်းကို ထမင်းမြိန်တဲ့ ဟင်းတခွက်ပေါ့ ။
ပါဝင်ပစ္စည်းများ
သရက်သီးစိမ်း
မျှင်ငပိဖုတ်
ပုဇွန်ခြောက်
ငရုတ်သီး
ကြက်သွန်ဖြူ
ပြုလုပ်နည်း
အရင်ဆုံး ကြက်သွန်ဖြူ ၊ ပုဇွန်ခြောက် ၊ ငရုတ်သီး တို့ကို ရောထောင်းပါ ။
ပြီးလျှင် မျှင်ငပိဖုတ် ၊ သရက်သီး ၊ အရသာ အပေါ့ အငံ တို့ကို ထည့်၍ ထောင်းပါ ။
အရသာ ချဉ်ချဉ်စပ်စပ် လေးနဲ့ ထမင်းမြိန်တဲ့ သရက်သီး ငါးပိထောင်းလေး ရပါပြီ ။
Credit: N&S Food House