ခုလို သရက်သီး ပေါတဲ့ အချိန်အခါမှာ သရက်သီး ငါးပိထောင်းကို ဒီလိုလုပ်စား ဖြစ်ပါတယ် ။ ထမင်း ပူပူလေး နဲ့ စားရင် အရမ်းကို ထမင်းမြိန်တဲ့ ဟင်းတခွက်ပေါ့ ။
ပါဝင်ပစ္စည်းများ
- သရက်သီးစိမ်း
- မျှင်ငပိဖုတ်
- ပုဇွန်ခြောက်
- ငရုတ်သီး
- ကြက်သွန်ဖြူ
ပြုလုပ်နည်း
- အရင်ဆုံး ကြက်သွန်ဖြူ ၊ ပုဇွန်ခြောက် ၊ ငရုတ်သီး တို့ကို ရောထောင်းပါ ။
- ပြီးလျှင် မျှင်ငပိဖုတ် ၊ သရက်သီး ၊ အရသာ အပေါ့ အငံ တို့ကို ထည့်၍ ထောင်းပါ ။
- အရသာ ချဉ်ချဉ်စပ်စပ် လေးနဲ့ ထမင်းမြိန်တဲ့ သရက်သီး ငါးပိထောင်းလေး ရပါပြီ ။
Credit: N&S Food House