ကြာဇံ နှင့် မှိုဟင်းရည်က လုပ်ရလည်း လွယ်ပါတယ်။ အရည်ကြည်လေးနဲ့ စပါးလင်လေးပါတော့ မွှေးမွှေးလေး နဲ့ သောက်လို့လည်း ကောင်းတယ်။ ကြာဇံ များများ ထည့်ပြီး ငြုပ်သီးမုှန့်ထည့် ၊ သံပုရာသီး ညှစ်မယ်ဆိုလျှင် ခေါက်ဆွဲတစ်ပွဲ အဖြစ်နဲ့လည်း စားလို့ရပါတယ်။ ချက်တဲ့ အချိန်ကလည်း ၁၅ မိနစ်လောက်ဘဲ ကြာပါတယ်။ စားမြိန် ကြပါစေ။
ပါဝင်ပစ္စည်းများ
- ကြက်သား
- ကြာဇံ (ရေစိမ် ထားပါ ။)
- မှို (ကြွက်နားရွက်)
- ခရမ်းချဉ်သီး
- စပါးလင် ၁ ချောင်း (၄ ပိုင်း ပိုင်းထားပါ ။)
- ကြက်သွန်မြိတ် (ပါးပါးလှီးထားပါ ။)
- ဆား
- ကြက်ရိုးပြုတ်ရည် (အရိုးပြုတ်ရည် မရှိမှ ကြက်သားမှုန့် သုံးပါ ။)
ပြုလုပ်နည်း
- အိုးထဲတွင် ရေနွေးတည် ထားပါ။ ရေနွေးဆူလျှင် ကြာဇံကို ခဏထည့် ပြုတ်ပါ။ ၁မိနစ်ခန့်သာ ရေနွေးထဲ ထားပြီး ချက်ခြင်း ရေအေးကို အပေါ်မှလောင်းချပါ ။ ပြီးလျှင် ရေစစ်ထားပါ။
- ကြက်ရိုးပြုတ်ရည် (အရိုးပြုတ်ရည် မရှိမှ ကြက်သားမှုန့် သုံးပါ) ထဲတွင် ကြက်သား နှင့် စပါးလင်ကို ထည့်ပြီး ပြုတ်ပါ။ ပြီးလျင် ခရမ်းချဉ်သီး နှင့် မှို (ကြွက်နားရွက်) တို့ကို ထည့် ပြုတ်ပါ။
- စားခါနီးတွင် ဟင်းရည်ထဲသို့ ကြာဇံနှင့်ဆားကို ထည့်ပြီး ပါးပါးလှီးထားသော ကြက်သွန်မြိတ်ကို အပေါ်မှဖြူးပါ။ အနံ့အရသာနှင့် ပြည့်စုံသော ဟင်းအရည်သောက် တစ်ခွက်ရပါပြီ။
- ဆီနှင့် အချိုမှုန့် လုံးဝ မပါပါ။ မိမိ နှစ်သက်က ထည့်နိုင်ပါသည်။
MyFood Myanmar