မိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင်စားသုံးနိုင်ဖို့အတွက် ဟင်းလျာလေးတစ်မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဝက်သားလည်းမသုံးဘူး ကြက်သားလည်းမသုံးဘူး ဂဏန်းသားလေးကိုသုံးပြီး ကလေးတွေအကြိုက်ဖြစ်အောင် ချက်စားကြမယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သား (အရိုး+အသား)
  • ကြက်သွန်ဖြူ
  • ဂဏန်း လက်မများ
  • ဂျင်း
  • ခရုဆီ – ၁ ဇွန်း
  • ပဲ ငံပြာရည် အကြည် – ၁ ဇွန်း
  • မွှေးတံဆိပ် ကော်မှုန့် – ၂ ဇွန်း
  • ကြက်ဥ – ၁ လုံး
  • ဆား
  • သကြား
  • မုန်ညင်းစိမ်း
  • ပဲပင်ပေါက်
  • မှို
  • ငရုပ်ကောင်းမှုန့်
  • ခေါက်ဆွဲ

ပြုလုပ်နည်း

  1. ကြက်သား (အရိုး+အသား) နှင့် ကြက်သွန်ဖြူ တို့ကို ရောပြုတ်ထားပါ ။ ကြက်သား နူးလာရင် ဆယ်ပြီး အသားနွှင်ထားပါ ။ အရိုးများကိုတော့ ဆက်ပြုတ်ထားပါ ။
  2. နွှင်ထားတဲ့ ကြက်သား နဲ့ ဂဏန်းလက်မ များကို ဂျင်း ၊ ကြက်သွန်ဖြူ နည်းနည်းစီ ထောင်းပြီး ဆီနည်းနည်း နဲ့ဆီသတ်ပါ။ ခရုဆီ ၊ ပဲငံပြာရည် အကြည် ၁ ဇွန်း စီထည့်ပြီး အသားများနဲ့ လုံးပါ ။ ပြီးရင် ကြက်ပြုတ်ရည် အိုးထဲသို့ ထည့်ပါ ။
  3. မွှေးတံဆိပ် ကော်မှုန့် ၂ ဇွန်း ရေဖျော်ပြီး ကြက်ပြုတ်ရည် အိုးထဲထည့်ပါ ။ ကြက်ဥ ၁ လုံး ခေါက်ပြီး အိုးထဲဖြည်းဖြည်းချင်း ထည့်ပါ။ ဆား ၊ သကြား အပေါ့ အငံ စိတ်ကြိုက် ထည့်ပါ ။ ကော်ရည် ပျစ်ပျစ် ကြိုက်ရင် ပျစ်ပျစ် ချက်ပြီး ကျဲကျဲကြိုက်ရင် ကျဲကျဲချက်ပါ ။
  4. မုန်ညင်းစိမ်း ၊ ပဲပင်ပေါက် ၊ မှို များထည့်ပါ ။ အပေါ့ အငံ အပျစ် အကဲျ စိတ်ကြိုက်ဖြစ်ရင် ငရုပ်ကောင်းမှုန့် ဖြူးကာ ချပြီး စားလို့ရပြီ ။
  5. ခေါက်ဆွဲဖတ် ထည့် ၊ ကော်ရည် ဆမ်းပြီး ရခိုင်ငပိထောင်း ရှူးရှဲနဲ့ စားလို့ရပါပြီ ။

Credit: War War Khin Hlaing