OKONOMIYAKI လို့ ခေါ်ပြီး ကော်ဖီထုပ်ပန်ကိတ်လို့လည်း ခေါ်တဲ့ ဟင်းလျာ တစ်မျိုးကို မျှဝေချင်ပါတယ်။ စားလို့မြိန်ပြီး ထမင်းနဲ့ပဲ စားစား ဒီအတိုင်းပဲ စားစား စားကောင်းစေတဲ့ ဟင်းလျာ တစ်ခုပါ။ အာဟာရဖြစ်စေပြီး ချက်ရလည်း လွယ်ကူတဲ့ အတွက် သင့်အိမ်က လူတွေတော့ အကြိုက်တွေ့ဦးမယ့် ဟင်းပါ။
ပါဝင် ပစ္စည်းတွေကတော့
- ကြက်ဥ ငါးလုံး
- ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ဇွန်း
- နှမ်းဆီ တစ်ဇွန်း
- ဆား တစ်ဇွန်း
- အကြော်မှုန့် ခွက်ရဲ့ ၃ပုံ၁ပုံ
- ကော်ဖီထုပ် လှီးပြီးသား အနည်းငယ် (ချိန်ပြီး ထည့်ပါ။ )
- ကြက်သွန်မြိတ် အနည်းငယ်
- အစပ်ကြိုက်ရင် ငရုတ်သီးစိမ်း အနည်းငယ်
ပြုလုပ်ပုံ
ကြက်ဥကို ဖောက်ပြီး ပါဝင်ပစ္စည်း အကုန်နဲ့ ရောမွှေပေးပါ။ ဆီအိုးတည်ပြီး အချပ်လိုက်လေးတွေ ကြော်ရုံပါပဲ။
တွဲဖက်စားမယ့် အချဉ်ကတော့ ဘိတ်ချဉ်လို့ ခေါ်တဲ့ ကြက်သွန်ဖြူ၊ ငံပြာရည်၊ ရှာလကာရည်နဲ့ ငရုတ်သီးစိမ်း အတွဲဆိုလည်း ရပါတယ်။ ဒါမှမဟုတ် အချဉ် သပ်သပ် ထပ်စပ်ရင်လည်း ရပါတယ်။