အလုပ်ကလည် ပင်ပန်း ၊ ဆီပြန်ဟင်းကလည် မစားချင်တာနဲ့ ပလောင်တောင်ယာဟင်း ပူပူလောလောလေးချက်စားလိုက်တယ် ။ ဟော့ပေါ့နဲ့တောင်မှ လဲမစားနိုင်လောက်အောင် ကောင်းလိုက်တာလို့ကို ပြောရင် မိတ်ဆွေတို့ ယုံပေးပါ။
ပါဝင်ပစ္စည်းများ
- ကြက်သား – အစိတ်သား
- မှို – တစ်ဆယ်သား
- မုန်ညင်း – တစ်စည်း
- ကြက်သွန်နီ – ၂လုံး
- ကြက်သွန်ဖြူ – ၃တက်
- ဆား – အနည်းငယ်
- ငြုပ်သီးပုခြောက် – ၅တောင့် (သို့ ) ငရုတ်သီးစိမ်း ၅တောင့်
- ဂျင်းအသေး – တစ်တက်
- သံပုရာသီး – တစ်လုံး
ပြုလုပ်နည်း
- ကြက်သားကို ရေစင်အောင် ဆေးပြီး သန့်စင်ထားပါ ။
- ကြက်သွန်ဖြူ ၊ ဂျင်း နှင့် ငရုတ်သီးစိမ်းတို့ကို မညက်တညက် ထောင်းထားပါ ။ ပြီးလျှင် ကြက်သားကို ထောင်းထားသော ဂျင်း ၊ ကြက်သွန်ဖြူ ၊ ငရုတ်သီးတို့ နဲ့အတူ ရေနွေးဆူဆူထဲ ထည့်ပြုတ်ပါ ။
- နူးဖို့တဝက်အလိုမှာ ဟင်းရည်ဆူဆူထဲ ဆားအနည်းငယ် ၊ ကြက်သွန်နီ ရှစ်စိတ်ကွဲထည့် ၊ မှို ၊ မုန်ညင်းထည့်ပါ ။ စားခါနီးမှ သံပုရာသီးညှစ်ထည့်ပါ ။ အသီးအရွက်ကိုတော့ ကိုယ်ကြိုက်နှစ်သက်ရာ ထည့် စားနိုင်ပါတယ် ။
Credit: Mim Mim