[Unicode]

အားလုံးပဲမင်္ဂလာပါ။အရသာရှိပြီး လွယ်ကူရိုးရှင်းတဲ့ ဟင်းလျာတွေကိုကြိုက်နှစ်သက်တဲ့ MyFood Myanmar စာဖတ်ပရိသတ်တွေအတွက်၂၅မိနစ်လောက်အချိန်ပေးရုံနဲ့ လွယ်ကူလျင်မြန်နဲ့ စီချွမ် မာလာအရသာ အားလူးအစပ်ကြော်ပြုလုပ်နည်းလေးမျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူးအလုံးသေး ၄၀၀ ဂရမ်
  • ကြက်သွန်ဖြူ ၆ တက်
  • ငရုပ်သီခြောက် ၆ တောင့်
  • ကြက်သွန်မြိတ် ၄ ပင်
  • စီချွမ်ငရုပ်ကောင်း ၂ ဇွန်း
  • မာလာငရုပ်သီးမှုန့် ၁ ဇွန်း
  • ဆား ၁ ဇွန်း
  • ဟင်းသီးဟင်းရွှက်ဆီ
  • ရေ

ပြုလုပ်နည်းအဆင့်ဆင့်

(၁) အရင်ဆုံး အာလူးကိုရေးဆေးပြီး ရေနွေးငွေ့ဖြင့် ၁၅ မိနစ် ခန့် ပေါင်းပေးရပါမယ်။အားလူးပေါင်းထားစဉ်အတွင်းမှာတော့ ကြက်သွန်ဖြူ ကိုခပ်ပါးပါးလှီးပေးပါ။ ငရုပ်သီးခြောက်လေးတွေကိုလည်းမထူမပါးလှီးထားပါ။ထို့နောက် ကြက်သွန် မိတ်လေးတွေကိုလည်းအနေတော်လှီးဖြတ်ထားပါ။

(၂) အချိန်စေ့လို့အာလူးတွေကျက်ပြီးအခွံတွေအက်ကွဲ လာပြီဆိုရင်တော့ ခရင်းနဲ့ ဖြေးဖြေးလေး ဖိချပြီး အာလူးအခွံ လေးတွေခွှာပေးရပါမယ်။ ထို့နောက်ဒယ်အိုးတစ်ခုကိုမီးအပူရှိန်အနေတော်ဖြင့် အပူပေးပါ။

(၃) ပြီးရင်တော့ ဟင်းရွှက်ဆီ ၃ ဇွန်းခန့်ထည့်ပါ။ဆီဆူလာပြီဆိုအာလူးတွေထည့်ပြီး ကြော်ပေးပါ။၃ မိနစ်ခန့်အာလူး ကြော်ပြီးသွားပြီဆိုရင်တော့ အာလူးအပေါ်ကနေ ကြက်သွန်ဖြူ နဲ့ ငရုပ်သီးခြောက်လေးတွေရောထည့်ပြီးကြော်ပေးပါ။

(၄) အာလူးလေးတွေရွှေညိုရောင်သန်းလာပြီဆိုရင်တော့ စီချွမ်ငရုပ်ကောင်း မာလာငရုပ်သီးမှုန့် ကြက်သွန်မြိတ် နဲ့ ဆားအနည်းငယ်တို့ထည့်ပြီး ၁ မိနစ်ခန့်ကြော်ပေးပါ။အာလူးအနားသတ်လေးတွေကြွပ်ပြီး စီချွမ်မာလာအနံ့လေးမွှေးလာပြီဆိုရင်တော့ ပန်းကန်အတွင်းပြောင်းထည့်ပြီး ကြိုက်နှစ်သက်ရာအချဉ် ဆော့စ်ဖြင့် တွဲဖက်ပြီးအရသာရှိရှိသုံးဆောင်နိုင်ပြီဖြစ်ပါတယ်။

Reference Source : Malafood

[Zawgyi]

အားလုံးပဲမဂၤလာပါ။အရသာရှိပြီး လွယ်ကူရိုးရှင်းတဲ့ ဟင်းလျာတွေကိုကြိုက်နှစ်သက်တဲ့ Myfood စာဖတ်ပရိသတ်တွေအတွက်၂၅မိနစ်လောက်အချိန်ပေးရုံနဲ့ လွယ်ကူလျင်မြန်နဲ့ စီချွမ် မာလာအရသာ အားလူးအစပ်ကြော်ပြုလုပ်နည်းလေးမျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သွန်ဖြူ ၆ တက်
  • ကြက်သွန်မြိတ် ၄ ပင်
  • ဆား ၁ ဇွန်း
  • ဟင်းသီးဟင်းရွှက်ဆီ
  • ရေ






Reference Source : Malafod