မိုးအေးအေးမှာ ပူပူစပ်စပ်လေးနဲ့အရသာရှိတာလေးစားဖို့ရှာနေရင် လုပ်ရလွယ်တဲ့ Creamy Mustard Pasta လေး လုပ်စားကြည့်ပါလား။

ပါဝင်ပစ္စည်းများ

  • Penne ၁ ပေါင်
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • Sausages ၈ ချောင်း
  • ကြိတ်ထားတဲ့အသားနည်းနည်း
  • Dry White Wine ၃/၄ ခွက်
  • Heavy Cream 3/4 cup
  • Mustard မှုန့် ၃ ဇွန်း
  • ထောင်းထားတဲ့ငရုတ်ကောင်းနည်းနည်း
  • ပါးပါးလှီးထားတဲ့ ပင်စိမ်းနည်းနည်း

ပြုလုပ်ပုံအဆင့်ဆင့် –

Penne တွေကို အိုးကြီးကြီးထဲမှာ ဆားလေးနည်းနည်းထည့်ပြီး ပြုတ်ပေးပါ။

ပြီးရင် သံလွင်ဆီကို ဒယ်အိုးကြီးကြီးတစ်ခုထဲမှာ အပူပေးပြီး Sausages နဲ့ ကြိတ်ထားတဲ့အသားနည်းနည်းကို အညိုရောင်ပြောင်းထဲအထိ ၅ မိနစ်လောက် အပူပေးပါ။

အညိုရောင်ပြောင်းသွားပြီဆိုရင် အောက်ခြေမကပ်အောင်မွှေပြီး Dry White Wine ထည့်လိုက်ပါ။ ပြီးရင် မီးအေးအေးနဲ့ ၅ မိနစ်လောက်တည်ပေးပါ။

ထပ်ပြီး Cream ၊ Mustard မှုန့် ၊ ထောင်းထားတဲ့ငရုတ်ကောင်းနည်းနည်း တို့ထည့်ပြီး ၂ မိနစ်လောက်ဆူအောင် တည်ပေးပါ။

နောက်ဆုံးမှာ ပြုတ်ထားတဲ့ Penne နဲ့ ပါးပါးလှီးထားတဲ့ ပင်စိမ်းတို့ကိုထည့်ပြီး သမအောင် မွှေပေးပါ။

ဒါဆိုရင်တော့ ပူပူစပ်စပ်လေးနဲ့အရသာရှိတဲ့ Creamy Mustard Pasta လေးကို သုံးဆောင်လို့ရပါပြီ။