ပါဝင်ပစ္စည်းများ
- ငါးပုပ်သင်ငါး – ၅၀ ကျပ်သား
- ကြက်သွန်နီ – ၂ လုံး
- ကြက်သွန်ဖြူ – ၁ မွှာ
- ငါးပိ – ကွမ်းသီးလုံးခန့်
- အရောင်တင်မှုန့် – အနည်းငယ်
- နနွင်မှုန့် – အနည်းငယ်
- ဆား – အနည်းငယ်
- ပဲဆီ – ၅ ကျပ်သား
- ရေနွေး – ၁ လီတာခန့်
- သရက်သီးဆားရည်စိမ် – ၃ လုံး (အလုံးလတ်)
- ပုဇွန်ငံပြာရည် – အနည်းငယ်
- နံနံပင် – အနည်းငယ် ြ
ပြင်ဆင်ပြုလုပ်နည်း
- ငါးပုပ်သင်- ၅၀ ကျပ်သားကို တုံးပီး အရသာနှယ်၍ ၁၅မိနစ် နှပ်ထားပါ ။
- ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ငါးပိကွမ်းသီးလုံး ၊ အရောင်တင်မှုန့် တို့ကို ညက်အောင် ထောင်းထားပါ ။ ပဲဆီ ၅ ကျပ်သားတည်ပီး ပူလာရင် ထောင်းတာကို နနွင်းအနည်းငယ်ထည့်၍ မွှေပါ ။ ငါးကိုထည့်ပါ ။ ဇွန်းပြားလေးနဲ့ အသာအယာ လှန်ပေးပါ ။ ငါးတောင့်လာရင် ရေနွေး ၁ လီတာခန့် ထည့်ပီး မီးအနေတော်နဲ့ ချက်ပါ ။
- ၁၀မိနစ်လောက်မှာ အိုးပွက်လာရင် သရက်သီးဆားရည်စိမ် အလုံးလတ် ၃ လုံးကို အခွံခွာ ပါးပါးလှီးထည့်ပါ ။ ၁၅မိနစ်တည်ပီးရင် အရသာမြည်းပါ ။ ပေါ့ရင် ပုဇွန်ငံပြာရည် ထည့်ပါ ။ နံနံပင်လေးကြိုက်ရင် အုပ်ပါ ။ အရည်ဆမ်းစား ချဉ်ချဉ်လေးနဲ့ စားကောင်းတဲ့ ငါးဟင်းပါ ။ ဆီ- မများလို့ စားကောင်းပါတယ် ။
Credit: Pearl Ko