ပါဝင်ပစ္စည်းများ

  • ငါးပုပ်သင်ငါး – ၅၀ ကျပ်သား
  • ကြက်သွန်နီ – ၂  လုံး
  • ကြက်သွန်ဖြူ – ၁ မွှာ
  • ငါးပိ – ကွမ်းသီးလုံးခန့်
  • အရောင်တင်မှုန့် – အနည်းငယ်
  • နနွင်မှုန့် – အနည်းငယ်
  • ဆား – အနည်းငယ်
  • ပဲဆီ – ၅ ကျပ်သား
  • ရေနွေး – ၁ လီတာခန့်
  • သရက်သီးဆားရည်စိမ် – ၃ လုံး (အလုံးလတ်)
  • ပုဇွန်ငံပြာရည် – အနည်းငယ်
  • နံနံပင် – အနည်းငယ်ြ

ပြင်ဆင်ပြုလုပ်နည်း

  1. ငါးပုပ်သင်- ၅၀ ကျပ်သားကို တုံးပီး အရသာနှယ်၍ ၁၅မိနစ် နှပ်ထားပါ ။
  2. ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ငါးပိကွမ်းသီးလုံး ၊ အရောင်တင်မှုန့် တို့ကို ညက်အောင် ထောင်းထားပါ ။   ပဲဆီ ၅ ကျပ်သားတည်ပီး ပူလာရင် ထောင်းတာကို နနွင်းအနည်းငယ်ထည့်၍ မွှေပါ ။ ငါးကိုထည့်ပါ ။  ဇွန်းပြားလေးနဲ့ အသာအယာ လှန်ပေးပါ ။  ငါးတောင့်လာရင် ရေနွေး ၁ လီတာခန့် ထည့်ပီး မီးအနေတော်နဲ့ ချက်ပါ ။
  3. ၁၀မိနစ်လောက်မှာ အိုးပွက်လာရင် သရက်သီးဆားရည်စိမ် အလုံးလတ် ၃ လုံးကို အခွံခွာ ပါးပါးလှီးထည့်ပါ ။ ၁၅မိနစ်တည်ပီးရင် အရသာမြည်းပါ ။  ပေါ့ရင် ပုဇွန်ငံပြာရည် ထည့်ပါ ။  နံနံပင်လေးကြိုက်ရင် အုပ်ပါ ။  အရည်ဆမ်းစား ချဉ်ချဉ်လေးနဲ့ စားကောင်းတဲ့ ငါးဟင်းပါ ။  ဆီ- မများလို့ စားကောင်းပါတယ် ။

Credit: Pearl Ko