Pizza Hut ဧ။် 369 စပယ်ရှယ် ပရိုမိုးရှင်း 

Pizza Hut ရဲ့ 369 Promotion ဆိုလို့ အီတလီပီဇာကြိုက်တတ်သူပီပီ စိတ်ဝင်စားတာနဲ့ Junction City က Pizza Hut ဆိုင်ခွဲလေးမှာသွားစားဖြစ်တယ်။ ဒီရက်ပိုင်း ဆိုင်ခွဲတိုင်းမှာ ကိုယ်ကြိုက်တဲ့ အရွယ်အစားကို ၃၀၀၀ ၊ ၆၀၀၀ ၊ ၉၀၀၀ ဆိုပြီး အတန်ဆုံးဈေးတွေနဲ့ ရောင်းချပေးနေတယ်တဲ့။ Topping တွေကလည်းအရမ်းမိုက်တယ်။ Meat Lover, Hawaiian Paradise, Pepperoni and Cheese, Chicken Supreme နဲ့ Veggie Supreme ငါးမျိုးနဲ့ ကြိုက်တာမှာယူလို့ ရတယ်။ Personal ၊ Regular နဲ့ Large Bundle သုံးမျိုးလုံးမှာ Pizza Hut ရဲ့ လူကြိုက်အများဆုံး Topping တွေကို ထည့်သွင်းပေးထားတာဆိုတော့ ဆွဲရုံပဲ။ တစ်မျိုးချင်းစီလည်း အရသာထူးခြားလို့ မိသားစုလိုက်သွားဖြစ်တာနဲ့ အားလုံးကို မြည်းစမ်းဖြစ်ခဲ့တယ်။

Meat Lover

အားလုံးထဲမှာ ထူးထူးခြားခြား အသားကြိုက်သူတွေ သဘောခွေ့စေမဲ့ Meat Lover ကိုတော့ တော်တော်သဘောကျမိပါတယ်။ 369 Promotion အတွက် အထူးပြုလုပ်ထားတဲ့ မီနူးအသစ်တဲ့။ ဝက်ပေါင်ခြောက်၊မှို၊ Italian Sausage နဲ့ Pepperoni လို့ ခေါ်တဲ့ ဝက်အူချောင်းတို့ရောစပ်ပါပြီး အသားများများနဲ့ တကယ့်ကို နှစ်ခြိုက်စရာအရသာလေးပေ့ါ။ စားနေကျ Hawaiian Paradise တို့နှင့်မတူလို့ အားလုံးထဲက Favorite တစ်ခုဆိုလည်း မမှားပါဘူး။

အခြားအရသာတွေဖြစ်တဲ့ Hawaiian Paradise လေးကျ ဝက်ပေါင်ခြောက်နဲ့ နာနတ်သီးတို့ပါဝင်တဲ့ အအီပြေလေးဖြစ်ပါတယ်။ Pepperoni နဲ့ Cheese ကလည်း စားလို့တော်တော်ကောင်းပါတယ်။ Chicken Supreme မှာတော့ မှို၊ ကြက်သားနဲ့ နာနတ်သီးပါတယ်။ဒါလည်းကြက်သားကြိုက်တဲ့ သူတွေအတွက် အဆင်ပြေတယ်။ Veggei Supreme ကတော့ သတ်သတ်လွတ်သမားတွေအတွက် အကောင်းဆုံးပါပဲ။ ပြောင်းဖူး၊ မှို၊ နာနတ်သီးအပြင်အခြားအသီးအနှံတွေ ဝေေ၀ဆာဆာပါလို့ စားချင်စရာပါပဲ။

ထူးခြားတဲ့ Bundle ပရိုမိုးရှင်းအစီအစဉ်

နောက်ထပ် 369 Promotion ရဲဲ့သဘောကျမိတဲ့ အပိုင်းလေးကတော့ ပုံမှန်ဆို ၂၆၀၀ ပေးရတဲ့ Soup ကို ၉၀၀ နဲ့ ၃၀၀၀တန် ၆၀၀၀တန် ၉၀၀၀တန် ပီဇာတို့နဲ့အတူ တွဲပြီး မှာစားလို့ ရတာပါပဲ။ ၃၉၀၀ ထဲနဲ့ ပီဇာအပြင် Soup ပါ ပါတော့ အရမ်းကို တန်သွားပြီလို့ ပြောရပါမယ်။ Soup ကတော့ ပျစ်ပျစ်နှစ်နှစ်ရှိပြီး ကြက်သားနဲ့ မှိုနဲ့ ပေါင်းစပ်ပါပါတယ်။ ဆိမ့်ဆိပ့်လေးဖြစ်လု့ိ ပီဇာနဲ့ တွဲမယ်ဆိုရင် နည်းနည်းတော့ အီမယ်။ ဒါပေမဲ့ သူက အာဟာရတွေ တော်တော်ပါတော့ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် ကျန်းမာရေးအတွက်ကော အာဟာရအတွက်ကော ကွက်တိပါပဲ။

ထပ်တိုးနိုင်သေးတဲ့ အမယ်များ 

ဒါတင်ဘယ်ကမလဲ။ နောက်ထပ် Garlic Bread ၊ French Fries တို့ကို 2000နဲ့ ထပ်တိုးနိုင်လို့ တန်တကာ့ အတန်ဆုံးထဲမှာ ပါသွားပြီလို့ ပြောလို့ ရတယ်နော်။ Pizza လို အစားအစာမျိုးကို ဈေးကြီးပြီး မစားနိုင်ဘူးဆိုတဲ့သူတွေအတွက် ဈေးသက်သက်သာသာနဲ့ အမျိုးအစားစုံလင်တဲ့ အရသာ Menu တွေကို Pizza Hut က မိတ်ဆက်ပေးနေတာဖြစ်တာကြောင့် မြန်မာနိုင်ငံက ဆွေမျိုးအားလုံးအတွက် အရမ်းကို အဆင်ပြေစေတာကို တွေ့ရပါတယ်။

Extra Topping လည်းထပ်ထည့်နိုင်

စားသုံးသူတွေအတွက် ပိုအဆင်ပြေစေတဲ့ အစီအစဉ်လေးတစ်ခုရှိပါသေးတယ်။ ဒါကတော့ နောက်ထပ် Add-on တွေလည်း ထပ်ယူလို့ရသေးတယ်ဆိုတော့ အဆင်ပြေတာပေ့ါ။ Extra Topping မှာ နောက်ထပ်ရွေးချယ်စရာ ၁၇ နှစ်ခုထပ်ရှိသေးတယ်ဆိုတော့ ဘယ်ပြောကောင်းမလဲ ကိုယ်တွေ အရမ်းကို သဘောခွေ့တာပေ့ါ။ Cheese Topping ပဲထပ်ထည့်မလား။ နာနတ်သီးလား။ ကြိုက်တာရွေးရုံပဲ။ Regular အတွက် Extra Topping က ၁၅၀၀၊ Large အတွက်ဆိုရင် ၂၀၀၀ပါ။

Junction City မှ ဆိုင်အပြင်အဆင်

Junction City က Pizza Hut ရဲ့ ဆိုင်အပြင်အဆင်လေးကိုလည်း သဘောကျလို့ ပြောပြချင်သေးတယ်။ ဝင်လိုက်ရင် ဝင်ပေါက်က ကျဉ်းတယ်ဆိုပေမယ့် အထဲမှာ တော်တော်လေး ကျယ်တာကိုတွေ့ရတယ်။ မီးအလင်းတွေ ဓာတ်ပုံတွေ ပန်းချီကားတွေနဲ့ ခါတိုင်းထိုင်နေကျ ဆိုင်တွေနဲ့ လုံးဝမတူဘူး။ ခုံတွေကို စီထားပုံလေးကော ဆိုင်ကို ခင်းကျင်းထားပုံလေးကော။ သပ်သပ်ရပ်ရပ်နဲ့ Cozy Atmosphere အရသာလေးကို ခံစားရမှာဖြစ်ပါတယ်။

ဝန်ဆောင်မှုကလည်း ကောင်းမွန်ပါတယ်နော်။ ဘယ်ဆိုင်ခွဲပဲဖြစ်ဖြစ် ဝန်ထမ်းတွေက ဖော်ဖော်ရွေရွေနဲ့ အစားအသောက်နဲ့ ပတ်သတ်ပြီး သိချင်တာ စပ်စုတာလေးတွေကို စိတ်ရှည်ရှည်နဲ့ ဖြေကြားပေးပါတယ်။

ကဲ MyFood Myanmar ပရိတ်သတ်ကြီးလည်း 379 ပရိုမိုးရှင်းပေးနေတုန်းလေး အပြေးသွားစားကြည့်လိုက်ပါဦးလို့ ဖိတ်ခေါ်လိုက်ပါတယ်။