အားလုံးပဲမင်္ဂလာပါ။ အခုအချိန်က တညင်းသီးပေါ်နေတဲ့အချိန်ဖြစ်လို့ ဝက်သားဟင်းလေးနဲ့တွဲဖက်စားနိုင်အောင် အခုပဲချက်နည်းလေးကို ဖော်ပြပေးလိုက်ရပါတယ်။ အချို့ကတော့ နံလို့မကြိုက်ဘူးဆိုပေမယ့် တချို့အတွက်ကတော့ ကြိုက်လွန်းလို့ ပြုတ်လိုက်၊ ဖုတ်လိုက်၊ ဆားရေစိမ်လိုက် အမျိုုးမျိုးကို လုပ်စားနေကြပါတယ်။

ပါဝင်ပစ္စည်းများ

ဝက်သား – ၂၀ သား

တညင်းသီး – ၁၀ လုံး

သကြား – ဟင်းခတ်ဇွန်း ၁ ဇွန်း

ပဲငံပြာရည် – ဟင်းခတ်ဇွန်း ၁ ဇွန်း

ဆား – လဖက်ရည်ဇွန်း ၂ ဇွန်း

ကြက်သွန်နီ – ၄ လုံး

ကြက်သွန်ဖြူ – ၃ လုံး

ဆီ – ၂ ကျပ်ခွဲသား

ပြင်ဆင်ပြုလုပ်နည်း

တညင်းသီးကို ရေမြုပ်ရုံထည့်ပီပြုတ်ပါ။ ပြီးလျှင် အခွံခွာ ကြက်သွန်ဖြူ/နီကိုထောင်း ရေဆေးထားတဲ့ ဝက်သား၊ 
သကြား၊ ဆား၊ ပဲငံပြာရည်၊ ဆား၊ ဆီ၊ ပြုတ်ထားတဲ့တညင်းသီးနဲ့ ဝက်သား၊ ထောင်းထားတဲ့ကြက်သွန်တွေကိုထည့်ပီး မီးဖိုပေါ်သာ တင်ထားလိုက်ပါ။ ရေသင့်ရုံထည့်ပီးတည်ထားပါ။ အသားနူးသွားပြီး ဆီပြန်သွားရင် စားလို့ရပါပြီ။ 
အစပ်စားလိုပါက ငရုတ်သီးအရောင်တင် ထည့်ချက်ပါ။

Credit: Si Thu Hein