ဝက်သုံးထပ်သားစတူးကို အအီပြေအောင် နာနတ်သီးလေးနဲ့ ချက်ထားပါတယ်။ သုံးထပ်သားအကြိုက်များအတွက် တကယ့်ကို အစပ်အဟပ်တည့်မယ့် ဟင်းတစ်ခွက်ပါ။

ပါဝင်ပစ္စည်းများ

  • ဝက်သုံးထပ်သား
  • နာနတ်သီး
  • ဆား
  • သကြား
  • ကြက်သွန်နီ
  • ကြက်သွန်ဖြူ
  • ဂျင်း
  • နာနတ်ပွင့်
  • ခရုဆီ
  • ပဲနောက်ရည်
  • ကြက်သားမှုန့်
  • သကြား
  • ငြုတ်ကောင်းမှုန့်
  • ကိုရီးယားငြုတ်ဆီ
  • ပဲငပိ – အနည်းငယ်

ပြင်ဆင်ပြုလုပ်နည်း

  1. ဝက်သုံးထပ်သားကို အတုံးလိုက် ရေစင်အောင်ဆေးပြီး ဆား ၊ သကြား တို့နှင့် နယ်ပြိး ရေမမြုပ်တမြုပ်ထည့်ပြီး ကြက်သွန်ဖြူ ၊ ဂျင်း ထုထည့်ပြီး ပြုတ်ပါ ။ နာနတ်ပွင့်ပါ ထည့်ပြုတ်ပါ ။
  2. အပေါ်ကြောတင်းပြီး လှီးလို့ရတဲ့အနေဆို ဘန်းထဲထည့်အအေးခံပါ ။ အေးရင် ခတ်ပါးပါးအမြှောင်းကြီးကြီး လှီးထားပါ ။
  3. လှီးပြီးသားတွေ ပြုတ်ရည်ထဲပြန်ထည့် ခရုဆီ ၊ ပဲနောက်ရည် ရွှေမြင်းပျံကြာညို့ ၊ ကြက်သားမှုန့် ၊ သကြား ၊ ငြုတ်ကောင်းမှုန် ၊ ကြက်သွန်နီလေးခြမ်းစိတ် ၊ ကြက်သွန်ဖြူထုထည့် အားလုံးသမအောင် ရောမွှေပြီး အဖုံးအုပ်ထားပါ။
  4. ကိုရီးယားငြုတ်ဆီနဲ့ ပဲငပိအနည်းငယ်စီ ထည့်ပါ ။ ဝက်သားနူးပြီး ဆီပြန်ခါနီးရင် နာနတ်သီးပါးပါးလှီးတာထည့်ပါ ။ အားလုံးနူးပြီး အိကျသွားရင် ဝက်သုံးထပ်သား နာနတ်သီးဟင်းရပါပြီ။ အာ့ဆို ဝက်စတူးလေးက မအီတော့ဘူးပေါ့ ။

Credit : Ohnmar Kyi