ပါဝင်ပစ္စည်းများ

  • ဝက်သားသုံးထပ်သား – ၃၀သား (အရွယ်တော်တုံးပါ)
  • ကြက်သွန်နီ – ၂ ဥ (ထောင်းထားပါ)
  • ကြက်သွန်ဖြူ – ၁ ဥ (ထောင်းထားပါ)
  • ဂျင်း – လက်တဆစ်ခန့် (ထောင်းထားပါ)
  • ဆား – အနည်းငယ်

  • ငံပြာရေ – ၁ ဇွန်း (ထမင်းစားဇွန်း)
  • ကြာညို့ – ၁ ဇွန်း (လဖက်ရည်ဇွန်း)
  • ငရုတ်အရောင်တင်မှုန့် – ၁ ဇွန်း (လဖက်ရည်ဇွန်း)
  • ဆီ – ၃ ဇွန်း (ထမင်းစားဇွန်း)

ပြုလုပ်ပုံ

အရွယ်တော် တုံးထားသော ဝက်သားသုံးထပ်သားကို ရေဆေးပြီး ရေစစ်ထားပါ။

ဇလုံထဲတွင် ရေစစ်ထားသည့် ဝက်သားသုံးထပ်သားကို ဆား၊ ငံပြာရည်၊ ကြာညို့၊ ငရုတ်အရောင်တင်မှုန့်တို့နှင့် နယ်ထားပါ။

မီးဖိုပေါ်တွင် ချက်မည့် အိုးကိုတင်၍ နယ်ထားသော ဝက်သားသုံး ထပ်သားကို ထောင်းထားသော ဆီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်းများနှင့် သေချာစွ ရောနယ် ၁၅ မိနစ်ခန့် လုံးထားပါ။

ပြီးလျှင် ရေနွေးကို ဝက်သားမြုပ်အောင် ထည့်ရျ် မီးဖိုပေါ်တွင် မီးအေးအေးဖြင့် အသားနူးသည် အထိတည်ပါ။

ရေခမ်းပြီး အသားမနူးက ရေနွေးကို နည်းနည်းစီ ထပ်ထည့်၍ တည်ပါ။ ဆီထွက်လာလျှင် ရေနွေး အနည်းငယ် ထည့်ပြီး ရေခမ်းသည်အထိ မွှေပါ။

ဆီပြန်ရျ် အသားနူးလျှင် အရသာ အပေါ့အငံ မြည်း၍ မီးဖိုပေါ်မှချပြီး သုံးဆောင်နိုင်ပါပြီ။

အချိုမှုန့် လုံးဝ မပါပါ။ မိမိနှစ်သက်က ထည့်နိုင်ပါသည်။

MyFood Myanmar