ပါဝင်ပစ္စည်း
အချင်းတိုင် ၂၅သား
အူချို ၂၀သား
အူမကြီး ၂၅သား
နို့အုံသား ၄၀သား
အူပိတ် ၂၅သား
နားရွက် တစ်ဖက်
လျှာ တစ်ချောင်း
နှလုံး တစ်ခု
သုံးထပ်သား ၂၀သား
အသဲ ၁၀သား
ဘဲဥ ၃လုံး
ပြုလုပ်နည်း
ဝက်ကလီစာများကို ရေစင်စင်ဆေးပါ။ အူချို၊ အချင်းတိုင်၊ နလုံး၊ လျှာ၊ နို့အုံသား၊ နားရွက်၊ အသဲ၊ သုံးထပ်သား တို့ကို မကျည်းသီး၊ ဆား နှင့်ဆေးပါ။ အရမ်းမဆေးပဲ စင်ရုံဆေးပါနော်။
အူမကြီးကို ရေဆေးပြီး ဒယ်အိုးပူပူမှာ အိုးကင်းပူကပ်ပါ။ အချွဲများ ကုန်အောင်မွှေပါ။ ပြီးမှ ဆား သံပုရာသီး၊ မကျည်းသီးနှင့် ဆေးပါ။
အူပိတ်ကို ပြောင်းပြန်လှန်ရျ် ဆား၊ မကျည်းသီး နှင့် ပွတ်ဆေးပါ။ အချွဲများကုန်လျှင် သံပုရာသီးနှင့်ထပ်ဆေးပါ။ ပြောင်သွားလျှင် အတည့်ပြန်လှန်ပြီး ထပ်ဆေးပါ။
အားလုံးပြီးမှ တစ်ချောင်းသို့ ထပ်ထပ်ပြီး သွပ်ပါ။ တူသုံးလို့ရပါတယ်။
အားလုံးပြီးရင် ကြက်သွန်ဖြူ၊ ဂျင်းအရည် ညှစ်ချပါ။ ဆား၊ သကြား၊ ငရုတ်ကောင်း၊ တရုတ်မဆလာ၊ အသားမဆလာ၊ ပဲငံပြာရည်အနောက် တို့ နှင့် ၃-၄နာရီခန့် ရေခဲသေတ္တာ ထဲသို့ထည့်ရျ် နှပ်ထားပါ။ (မနက်ချက်လျှင် ညထဲကနှပ်ထားလျှင် ပိုကောင်းပါတယ်။)
ချက်ကာနီးလျှင် နာရီဝက်ခန့် ကြိုထုတ်ပါ။ ဆီပူပူ မှာ သကြား ထည့်ပြီး ရဲလာလျှင် အသဲမှလွဲ၍ အားလုံးကိုထည့်ပြီး ကြော်ပါ။ ရေခမ်းပြီး ဝက်သားနီလာလျှင် Pressure Cooker ထဲသို့ပြောင်းထည့်ပါ။ ရေနို့ဆီဘူး ၁လုံးခွဲခန့် ထည့်ပါ။
နာနတ်ပွင့် ၂ပွင့်ခန့် ထည့်ပါ။ မိနစ်၂၀ခန့် ကြာလျှင် နူးလွယ်သော အသားများထုတ်ပြီး ကျန်သောအသားများနူးသည်အထိ တည်ပါ။ အားလုံးရလျှင်ဆယ်ပြီး ကျန်သောရေဖြင့် အသဲ နှင့် ဘဲဥ ထည့်ပြုတ်ပြီး ဆယ်ထားပါ။
အားလုံးနူးသွားလျှင် ဗန်းထည့်သို့ ပာင်းထည့်ပြီး မီးမျှင်မျှင်ဖြင့်တင်ထားပါ။ ကြိုက်ရာကို လှီးပြီးစားလို့ရပါပြီ။
အချည်ရည် – မကျည်းသီးကို ရေဆေးပြီး ရေစိမ်ကာ ပွလာလျှင် ဇကာနှင့် အနှစ်တိုက်ချပါ ။ထန်းလျှက်ကို ရေအနည်းငယ် နှင့် ကြိုပြီး သဲစစ်ထားပါ။ ကြက်သွန်ဖြူ နှင့် ငရုတ်သီးထောင်းပါ။ ငရုတ်ဆီ ထည့်ပါ။ ပဲငံပြာရည်အကြည်၊ ဂျင်းအရည်၊ ငံပြာရည် ထည့်ပါ။ ကော်မှုန့် ဇွန်းသေး တစ်ဇွန်းခန့် ကြိုထည့်ပါ။
Credit: ချက်ကြည့်ကြစို့