ပါဝင်ပစ္စည်းများ
- ဝက်သုံးထပ်သား
- ကြက်သွန်နီ
- ခရမ်းချဉ်သီး
- ဂျင်း
- ကျက်သွန်ဖြူ
- မုန်ညှင်းချဉ်
- ငရုတ်ပွ
- ကျက်သွန်မိတ်
- ခရုဆီ
- ဆား
- အချိုမှုန့်
ပြင်ဆင်ပြုလုပ်နည်း
- ပထမဦးစွာ ဝက်သားကို အသား ၊ အခေါက် ၊အဆီ သုံးထပ်ညီညာစွာပါးပါးလှီး၍ ရေနွေးဆူထဲ၌ ၁၅ မိနစ်ခန့် ပြုတ်ပေးရပါမယ်။
- နောက်တစ်ဆင့် ကျက်သွန်နီကို တစ်ခြမ်း၆စိတ်စီစိတ် ခရမ်းချဉ်သီးကိုလည်းထိုနည်းအတူပါပဲ ပီးရင် ဂျင်း ၊ ကျက်သွန်ဖြူကို ထောင်းပါမယ် ။ မုန်ညှင်းချဉ်ကို အနေတော်လှီထားမယ် ။ ငရုတ်ပွနဲ့ဆို ဒီဟင်းက အရမ်းကိုလိုက်ဖက်ပါတယ် ။ ဒီတော့ ငရုတ်ပွကို သေးသေးနဲ့ လေးထောင့်ပုံစံလေး လှီးမယ် ။ ငရုတ်သီးစိမ်းကို အလုံးလိုက် လက်တစ်ဆစ်မျှ လှီးပါမယ် ။ ကျက်သွန်မိတ်ရှိရင်တော ပိုကောင်းပါတယ် ။ ဒါဆို ပြင်ဆင်ပြီးတာနှင့် ဟင်းချက်ပါတော့မယ် ။
- ဦးစွာ ဟင်းအိုးထဲ ဆီအနေတော်ထည်ပီးတော့ ကျက်သွန်ဖြူ ၊ ဂျင်းကို ဆီသပ် ကျက်သွန်နီထည့် ငရုတ်သီးပါထည့်မယ် မုန်ညှင်းချဉ် ထည့်မွှေပါ ။ ခဏအကြာမှ ဝက်သား ၊ ခရမ်းချဉ်သီး ၊ ငရုတ်ပွတို့ကိုရောထည့်မယ် ။ ခရုဆီဟင်းရည်သောက်ဇွန်း ၄ဇွန်း ၊ ဆား ၊ အချိုမှုန့် ကတော့အနေတော်ထည့်ပြိး ရေအနည်းငယ်နဲ့ လုံးထားပီးတာနှင့် ရေခန်းရင် ကျက်သွန်မိတ်ထည်းပီ အရသာမြည်း၍ ချဉ်ငံစပ် အရသာနဲ့ စားသုံးလို့ ရပါပြီ ။