ခြံသမားဟင်း ဆိုလိုတာက မိမိခြံထဲမှာရှိတဲ့ အသီးအရွက်လေး နဲ့ဟင်းတစ်ခွက် ဖြစ်အောင် စီစဉ် တတ်စေဖို့ရည်ရွယ်ပါတယ်။ဘယ်အသီးအရွက်တွေရယ်လို့မရည်ညွှန်းပါဘူး။အဆင်ပြေသလို ရှိတဲ့ အသီးအရွက်တွေရယ်နဲ့ ချက်လို့ရပါတယ်။

ပါဝင်ပစ္စည်းများ

ဝက်နံရိုး ၃၀ကျပ်သားခန့်

ပိန္နဲသီးနုနု ၁ခြမ်း

ဆူးပုတ်ရွက် လက်တစ်ဆုပ်ခန့်

ကြက်သွန်နီ ၂လုံး

ကြက်သွန်ဖြူ ၃တက်

ခရမ်းချဉ်သီး ၃လုံး

ရှလကာရည် ၁ဇွန်း

သကြား အနည်းငယ်

ဂျင်းသေးသေး ၁တက်

ငရုတ်ကြမ်းစိမ်းမှုန့် နှစ်သက်သလို

ပြုလုပ်နည်း

ပထမဆုံး ပိန္နဲသီးကို အခွံခွာပြီး ထက်ခြမ်းခွဲပါ။ ရေဆူနေသော အိုးထဲကို ရှလကာရည် ၁ဇွန်းလောက် ထည့်ပြီး ပိန္နဲသီးကိုထည့်ပြုတ်ပြီး အအေးခံထားပါ။ ဝက်နံရိုးကို အနေတော် အတုံးများ တုံးပြီး အရသာ အနည်းငယ်နယ်ပါ။

ဂျင်းကိုအမျှင်လှီးပြီး ဝက်နံရိုး နှင့် အတူရေပါသည် ဆိုရုံလေးနှင့်ပြုတ်ပါ။ (အညစ်အကြေးနှင့် အမြုပ်တွေကို စစ်ထုတ်ပစ်ပါ။) ဝက်နံရိုး တစ်ဝက် ကျက်လောက်ရောက် ပြီဆိုရင် ပါးပါးလှီးထားတဲ့ ကြက်သွန်နီ ထောင်းထားသော ကြက်သွန်ဖြူနှင့် ငရုတ်ကြမ်းမှုန့် ထည့်ကာ အဖုံးအုပ်ထားပါ။

ဝက်နံရိုးအရွယ် လှီးထားသော ပိန္နဲသီးတွေထည့် ပေါင်းပြီးနှပ်ထားပါ။ ဆား၊ သကြားအနည်းငယ် တို့ဖြင့် အရသာသွင်းပါ။ ဝက်နံရိုးရော ပိန္နဲသီးပါ ဆတူနူး ပြီဆိုရင်ဖြင့်ေ လးစိတ်ခွဲ ခရမ်းချဉ်သီးနှင့် ဆူးပုတ်ရွက်တွေထည့်ပြီး ၅မိနှစ်ခန့် ဆက်ပြီး ချက်ပေးလိုက်ရင် ဖြင့်အရသာရှိတဲ့ ခြံသမား ဟင်းတစ်ခွက် သုံးဆောင်နိူင်ပါပြီ။

Credit: ဟင်းချက်နည်းများ