ပါဝင်ပစ္စည်းများ
- ကြက်သွန်မြိတ်
- ဆန်မှုန့်နှင့် အသားမှုန့်
- ဝက်သားသုံးထပ်သား
- ပဲဆီသန့်
- ဆား
- ငှက်ပျောဖက်
- ကြက်သွန်ဖြူ ကြော်
- နနွင်းမှုန့်နှင့် ငရုပ်သီးအကြမ်းမှုန့်
- ဝက်ခေါက်ကြော်
- ဂျူးဖူး ဂျူးမျစ် နှင့်နံနံပင်
ပြင်ဆင်ပြုလုပ်နည်း
ကြက်သွန်မြိတ်ကို ဆေးကြေားသန်စင်ပြီး လှီးဖြတ်ထားပါ။
2. ဆန်မှုန့်ကို စိမ်းထားပါ။
3. ဝက်သားသုံးထပ်သားကိုဆေးကြောသန့်စင်ပြီး အတုံးသေးသေးတွေ တုံးထားပါ။
4. အဲဒီသုံးမျိုးကို သမအောင် နယ်ပေးပါ ။ ရေသန့်အနေတော်၊ ပဲဆီသန့် ၊ ဆား ၊ အသားမှုန့်ထည့်ပြီး သမအောင်နယ်ပေးပါ ။
5. ပြီးလျှင် ပုံမှာပြထားသည့်အတိုင်း ငှက်ပျောဖက်နှင့် ကတော့ပုံ ထုပ်ပါ။
6. အထုပ်ညီညီ ထုပ်ပေးပါ။ အထုပ်ညီမှ အကျက်ညီမှာပါ။ နာရီဝက်ခန့်ပေါင်းပေးပါ။
8. ကြက်သွန်ဖြူကို နနွင်းမှုန့်နှင့်ကြော်ပီး ဆီသတ်ထားပါ။
9. ငရုပ်သီးအကြမ်းမှုန့်ကို ကြော်ထားပါ။
ပြီးလျှင် ဝက်ခေါက်ကြော် ၊ ဂျူးဖူး ဂျူးမျစ် ၊ နံနံပင် တို့နှင့်တွဲဖက်သုံဆောင်နိင်ပါပြီ။