ချဉ်ပေါင်ကြော်ကတော့ လူအများစုကြိုက်နှစ်သက်ကြတဲ့ ဟင်းအမယ်လေးတစ်ခုပါ။ ဝက်ဆီဖတ်ဆိုတာကလည်း ဈေးထဲတွေမှာ တခါတလေ တွေ့ရတတ်ပါတယ်။ ဒီလိုအီနိုင်တဲ့ ဝက်ဆီဖတ်ကြော်ကို အအီပြေစေဖို့ ချဉ်ပေါင်လေးနဲ့ ကြော်စားကြရအောင်။
ပါဝင်ပစ္စည်းများ
- ချဉ်ပေါင်
- ဝက်သား – အခေါက်နှင့် အဆီ
- မျှစ်
- စိမ်းစားငါးပိ
- ငရုတ်သီး
- ဆား
- ဆီ
ပြုလုပ်နည်း
- အရင်ဆုံး ချဉ်ပေါင် နှင့် ဆားနယ်ကာ အရည်ထွက်အောင် ညှစ်ထားပါ ။
- ဒယ်အိုးထဲ ဆီထည့်ကာ ငရုတ်သီးကို ဆီသတ်ပါ ။ ပြီးလျှင် ချဉ်ပေါင် ၊ မျှစ် ၊ ဝက်သား ပါးပါးလှီး ၊ စိမ်းစားငါးပိ ရေဖျော် ထည့်ပါ ။
- ချဉ်ပေါင် အစိမ်းနံ့ ပျောက်အောင် ရေထည့်မွှေပါ ။ ဆီပြန်လာရင် ငရုတ်သီးစိမ်းလေး အုပ်ပါ ။
- အပေါ့ အငံ လိုအပ်သလို စိတ်ကြိုက်ထည့်ကာ သုံးဆောင်လို့ ရပါပြီ ။
Credit: Aye Thazin