ချဉ်ပေါင်ကြော်ကတော့ လူအများစုကြိုက်နှစ်သက်ကြတဲ့ ဟင်းအမယ်လေးတစ်ခုပါ။ ဝက်ဆီဖတ်ဆိုတာကလည်း ဈေးထဲတွေမှာ တခါတလေ တွေ့ရတတ်ပါတယ်။ ဒီလိုအီနိုင်တဲ့ ဝက်ဆီဖတ်ကြော်ကို အအီပြေစေဖို့ ချဉ်ပေါင်လေးနဲ့ ကြော်စားကြရအောင်။
ပါဝင်ပစ္စည်းများ

  • ချဉ်ပေါင်
  • ဝက်သား – အခေါက်နှင့် အဆီ
  • မျှစ်
  • စိမ်းစားငါးပိ
  • ငရုတ်သီး
  • ဆား
  • ဆီ

ပြုလုပ်နည်း

  1. အရင်ဆုံး ချဉ်ပေါင် နှင့် ဆားနယ်ကာ အရည်ထွက်အောင် ညှစ်ထားပါ ။
  2. ဒယ်အိုးထဲ ဆီထည့်ကာ ငရုတ်သီးကို ဆီသတ်ပါ ။ ပြီးလျှင် ချဉ်ပေါင် ၊ မျှစ် ၊ ဝက်သား ပါးပါးလှီး ၊ စိမ်းစားငါးပိ ရေဖျော် ထည့်ပါ ။
  3. ချဉ်ပေါင် အစိမ်းနံ့ ပျောက်အောင် ရေထည့်မွှေပါ ။ ဆီပြန်လာရင် ငရုတ်သီးစိမ်းလေး အုပ်ပါ ။
  4. အပေါ့ အငံ လိုအပ်သလို စိတ်ကြိုက်ထည့်ကာ သုံးဆောင်လို့ ရပါပြီ ။

Credit: Aye Thazin