ပါဝင်ပစ္စည်းများ (ငပိရည်)
- ငပိရည် ၂၅သား
- ဆနွင်းမှုန့် အနည်းငယ်
- ကြက်သွန်ဖြူ သေသေးလေး ၂ ဇွန်း (ထမင်းစားဇွန်း)
- ငရုတ်သီးလှော်မှုန့် အနည်းငယ်
- အချိုမှုန့် အနည်းငယ်
ပါဝင်ပစ္စည်းများ (ငပိထောင်း)
- ပုဇွန်ငပိ ၁၀ သား
- ငရုတ်သီးစိမ်း ၂၀ တောင့်
- ကြက်သွန်ဖြူ သေသေးလေး ၂ ဇွန်း (ထမင်းစားဇွန်း)
- အချိုမှုန့် အနည်းငယ်
- သံပုရာသီး
ပြုလုပ်နည်း (ငပိရည်)
- အိုးထဲတွင် ငပိရည်ကို ဆနွင်းမှုန့် အနည်းငယ်ထည့်ရျ် ငပိကို ရေဖုံးရုံ ကျော်ကျော် ထည့်ပြီး မီးအေးအေးနှင့် ကြိုပါ။ ပထမတရေ လျော့သွားမှ နောက်ထပ် ရေနွေးကို ချိန်ဆထည့်ပြီး မီးအေးအေးနှင့် ကြိုပါ ။
- ငပိရည် ပွက်လာလျင် မီးဖို ပေါ်မှ ချပြီး အအေးခံ၍ အရိုးများကို စစ်ထုပ်ပါ။ ဒယ်အိုးပြားလေးတွင် ကြက်သွန်ဖြူ သေးသေးလေးများကိူ ထည့်၍ လှော်ပါ။ ပြီးလျင် မညက်တညက် ထောင်းပါ။
- ပန်းကန်လုံးထဲတွင် ထောင်းထားသော ကြက်သွန်ဖြူ ၊ ငပိရည်ကြို နှင့် အချိုမှုန့် အနည်းငယ်ကို ထည့်ပါ။ အိမ်မှတော့ ငပိရည် စားကာနီးမှ ငရုတ်သီးခြောက်တောင့်များကို လှော်၍ ထောင်းပြီးတာနဲ့ ငပိရည် ပန်းကန်ထဲကို တန်းပြီး လိုအပ်သလောက် ထည့်ပါ။
- ငရုတ်သီးနံ့ မွှေးပြီး အရသာ ကောင်းတဲ့ ငပိရည် တခွက်ကို ရပါမယ်။
ပြုလုပ်နည်း ( ငပိထောင်း)
- ကြွေပန်းကန်ပြားထဲတွင် ပုဇွန်ငပိကို ထည့်၍ Microwave ထဲတွင် ၃၀စက်ကန့်ခန့် ထည့်ပြီး ကင်ပါ ။ ၁မိနစ် ထားကင်လျင် ငပိတူး သွားပါမည်။
- ငရုတ်သီးစိမ်းကို ရေ အနည်းငယ်နှင့် ပြုတ်၍ လှော်ပါ။
- ဒယ်အိုးပြားလေးတွင် ကြက်သွန်ဖြူ သေးသေးလေးများကို ထည့်၍ လှော်ပါ။ လှော်ထားသည့် ငရုတ်သီးစိမ်း နှင့် ကြက်သွန်ဖြူ သေးသေးလေးများကို အရင် ညက်အောင် ထောင်း၍ ကင်ထားသော ပုဇွန်ငပိကိုပါ ရောထောင်းပါ။
- ထောင်းထားသည့် ငပိထောင်းကို မြည်း၍ အချိုမှုန့် အနည်းငယ်ကို လိုအပ်လျင် ထည့်ပါ။
- အရသာ အပေါ့ အငံ မြည်း၍ သံပုရာ ရွှဲရွှဲညှစ်ပြီး သုံးဆောင်နိုင်ပါပြီ ။
MyFood Myanmar