ပါဝင်ပစ္စည်းများ (ငပိရည်)

  • ငပိရည် ၂၅သား
  • ဆနွင်းမှုန့် အနည်းငယ်
  • ကြက်သွန်ဖြူ သေသေးလေး ၂ ဇွန်း (ထမင်းစားဇွန်း)
  • ငရုတ်သီးလှော်မှုန့် အနည်းငယ်
  • အချိုမှုန့် အနည်းငယ်

ပါဝင်ပစ္စည်းများ (ငပိထောင်း)

  • ပုဇွန်ငပိ ၁၀ သား
  • ငရုတ်သီးစိမ်း ၂၀ တောင့်
  • ကြက်သွန်ဖြူ သေသေးလေး ၂ ဇွန်း (ထမင်းစားဇွန်း)
  • အချိုမှုန့် အနည်းငယ်
  • သံပုရာသီး

ပြုလုပ်နည်း (ငပိရည်)

  1. အိုးထဲတွင် ငပိရည်ကို ဆနွင်းမှုန့် အနည်းငယ်ထည့်ရ်ျ ငပိကို ရေဖုံးရုံ ကျော်ကျော် ထည့်ပြီး မီးအေးအေးနှင့် ကြိုပါ။ ပထမတရေ လျော့သွားမှ နောက်ထပ် ရေနွေးကို ချိန်ဆထည့်ပြီး မီးအေးအေးနှင့် ကြိုပါ ။
  2. ငပိရည် ပွက်လာလျင် မီးဖို ပေါ်မှ ချပြီး အအေးခံ၍ အရိုးများကို စစ်ထုပ်ပါ။ ဒယ်အိုးပြားလေးတွင် ကြက်သွန်ဖြူ သေးသေးလေးများကို ထည့်၍ လှော်ပါ။ ပြီးလျင် မညက်တညက် ထောင်းပါ။
  3. ပန်းကန်လုံးထဲတွင် ထောင်းထားသော ကြက်သွန်ဖြူ ၊ ငပိရည်ကြို နှင့် အချိုမှုန့် အနည်းငယ်ကို ထည့်ပါ။ အိမ်မှတော့ ငပိရည် စားကာနီးမှ ငရုတ်သီးခြောက်တောင့်များကို လှော်၍ ထောင်းပြီးတာနဲ့ ငပိရည် ပန်းကန်ထဲကို တန်းပြီး လိုအပ်သလောက် ထည့်ပါ။
  4. ငရုတ်သီးနံ့ မွှေးပြီး အရသာ ကောင်းတဲ့ ငပိရည် တခွက်ကို ရပါမယ်။

ပြုလုပ်နည်း ( ငပိထောင်း)

  1. ကြွေပန်းကန်ပြားထဲတွင် ပုဇွန်ငပိကို ထည့်၍ Microwave ထဲတွင် ၃၀စက်ကန့်ခန့် ထည့်ပြီး ကင်ပါ ။ ၁မိနစ် ထားကင်လျင် ငပိတူး သွားပါမည်။
  2. ငရုတ်သီးစိမ်းကို ရေ အနည်းငယ်နှင့် ပြုတ်၍ လှော်ပါ။
  3. ဒယ်အိုးပြားလေးတွင် ကြက်သွန်ဖြူ သေးသေးလေးများကို ထည့်၍ လှော်ပါ။ လှော်ထားသည့် ငရုတ်သီးစိမ်း နှင့် ကြက်သွန်ဖြူ သေးသေးလေးများကို အရင် ညက်အောင် ထောင်း၍ ကင်ထားသော ပုဇွန်ငပိကိုပါ ရောထောင်းပါ။
  4. ထောင်းထားသည့် ငပိထောင်းကို မြည်း၍ အချိုမှုန့် အနည်းငယ်ကို လိုအပ်လျင် ထည့်ပါ။
  5. အရသာ အပေါ့ အငံ မြည်း၍ သံပုရာ ရွှဲရွှဲညှစ်ပြီး သုံးဆောင်နိုင်ပါပြီ ။

MyFood Myanmar