ဟင်းလျာမှာ သုံးထားသည့် ပါဝင်ပစ္စည်းတွေအားလုံးက အချိုဓာတ်ရှိတဲ့ ရွှေဖရုံသီး၊ ပုဇွန်တို့ကို သုံးထားလို့ ဟင်းအရသာလေးက ချိုချိုလေးနဲ့ စားလို့အလွန်ကောင်းမှာပါနော်။ အနံ့လေးပိုသင်းသွားအောင် ပင်စိမ်းလေးအုပ်လိုက်တော့ ရနံ့သင်းသင်းလေးနဲ့ စားချင်စဖွယ် ဟင်းလျာလေးတစ်ပွဲကို ရရှိမှာပါ။
ပါဝင်ပစ္စည်းများ
- ရွှေဖယုံသီး
- ပုဇွန်
- ပင်စိမ်းရွက်
- ဆား
- ဆနွင်း
- အရသာမှုန့်
- ကြက်သွန်ဖြူ
- ကြက်သွန်နီ
- ငရုပ်သီးထောင်း
ပြင်ဆင်ပြုလုပ်နည်း
- ပုဇွန်ကို ရေစင်အောင်ဆေးပြီး အခွံခွာ၍ ဆား ၊ ဆနွင်း ၊ အရသာမှုန့် တို့နှင့် နယ်ထားပါ ။
- ရွှေဖယုံသီးကို အတုံးလေးများ တုံးထားပါ ။ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ ငရုပ်သီးထောင်းကို ဆီသတ်ပါ ။ မွှေးလာလျှင် ပုဇွန်ထည့်ပြီး ဆီပြန်တဲ့ထိ ချက်ပါ ။ ဆီပြန်လာလျှင် ရွှေဖယုံသီးထည့် ရေမြုတ်အောင်ထည့်ပြီး ရွှေဖယုံသီးနူးလျှင် အပေါ့အငံမြည်းပြီး ပင်စိမ်းအုပ်၍ စားသုံးနိုင်ပါပြီ ။
Credit: မနီ (နော်ဝေ)https://www.youtube.com/watch?v=FgbPIvpGtKI&pp=ygUObXlmb29kIG15YW5tYXI%3D