ပိန္နဲသီးကို မြန်မာအများစုက ဝက်သားလေးနဲ့ ဆီပြန်လေးချက်စားတတ်ကြပါတယ် ။ ရခိုင်တွေကတော့ လယ်ချက်လေးကို ပိုကြိုက်ကြပါတယ်။
ပါဝင်ပစ္စည်းများ
- ပိန္နဲသီး
- ငရုတ်သီးစိမ်း
- မျှင်ပုစွန် (ပုစွန်ဆိတ်)
- ဆီအနည်းငယ်
- စိမ်းစားငပိ (သို့) မျှင်ငပိ အနည်းငယ်
- ဆားအနည်းငယ်
- ဆူးပုပ်
ပြင်ဆင်ပြုလုပ်နည်း
- ပိန္နဲသီးကို အနေတော်တုံးလေးတွေ တုံးပြီး သေချာ ရေဆေးပါ။
- ပြီးရင် အိုးကင်းတစ်ခုထဲထည့်ပြီး ငရုတ်သီးစိမ်း ၂ တောင့်လောက် ပါးပါးညှပ်ထည့်ပေးပါ ။ မျှင်ပုစွန် (ပုစွန်ဆိတ်) လေးတွေ ထည့်ပါ ။
- ဆီအနည်းငယ်ထည့်ပါ။ (ဆီ ပါရုံ တစ်စက် နှစ်စက်လေး ထည့်ပေးပါ) စိမ်းစားငပိ (သို့) မျှင်ငပိ အနည်းငယ်ထည့်ပါ။ ဆားအနည်းငယ်ထည့်ပါ။ အိုးဖုံးလေး ဖုံးပြီး ချက်ထားပါ။
- ဟင်းဆူပွက်လာပြီဆို စားချင်စဖွယ် အနံ့လေးထွက်လာပါလိမ့်မယ် ။ ပြီးရင်တော့ ဆူးပုပ်လေး ထည့်ပြီး အိုးဖုံးလေးပြန်ဖုံးပြီး အရည်လေးခမ်းအောင် ထားပေးလိုက်ပါတယ် ။
- ကျွန်မကတော့ ကက်ကတစ် ငါးအသားကိုပါ ထည့်ထားတဲ့အတွက် ပိုချိုပါတယ်။ တချို့ကတော့ မကျည်းနှစ်လေး ထည့်စားတတ်ပါတယ် ။ တကယ် အနံ့အရသာစားချင်စဖွယ် ဟင်းကောင်းလေးတစ်မျိုးပါ။
ဆီသိပ်သုံးစရာမလိုတဲ့ ကျန်းမာရေးအတွက်ကောင်းမွှန်တဲ့ ဟင်းလေးပါ ။
Credit: အစားအစာကမ္ဘာ