ကြက်ဥ အားလူးသာ များသောအားဖြင့် ချက်စားကျတာများပါတယ်။  ငုံးဥ နှင့် တစ်မျိုးလေး ပြောင်းချက်ထားတဲ့ အရသာလေးလဲ မြည်းစမ်းလို့ ရအောင် ရှယ်လိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငုံးဥ  – ၁၂ လုံး (ပြုတ်ထားပြီး အခွံခွာထားပါ)
  • အာလူး  – ၂ လုံး (အခွံခွာပြီး အတုံးသေးလေးတွေတုံးထားပါ)
  • ဆား  –  တစ်ဝက် ဇွန်း (လက်ဖက်ဇွန်း)
  • ပင်စိမ်း  –  ၃ ပင် (ကြမ်းကြမ်းလေး ဖြတ်ထားပါ)
  • ဟင်းအနှစ်လုပ်ရန် ပါဝင်ပစ္စည်း (Curry Paste Ingredients) နနွင်းမှုန့်  –  ဇွန်း တစ်ဝက် (လက်ဖက်ဇွန်း)
  • ငပိစိမ်းစား  –  ၁ ဇွန်း (လက်ဖက်ဇွန်း)
  • ကြက်သွန်နီ  –  ၂ လုံး
  • ကြက်သွန်ဖြူ  –  ၃ တက်
  • ချင်း  –  ဇွန်း တစ်ဝက် (လက်ဖက်ဇွန်း)
  • ငရုတ်သီးခြောက် –  ၈ တောင့်
  • အရောင်တင်မှုန့်  –  ၁ ဇွန်း (လက်ဖက်ဇွန်း)
  • ငံပြာရည်  –  ၁ ဇွန်း (လက်ဖက်ဇွန်း)
  • ကြက်သားမှုန့်  –  ၁ ဇွန်း ခွဲ (လက်ဖက်ဇွန်း)
  • အသီးအရွက်ဆီ  –   ၂ ဇွန်း (စားပွဲဇွန်း)
  • ခရမ်းချဉ်သီး  –  ၂ လုံး ( ခတ်ကြမ်းကြမ်းလေး တွေ လှီးထားပါ)

ပြုလုပ်နည်း

  1. ဟင်းအနှစ်လုပ်ရန် ငပိက လွဲလို့  ကျန်ပါဝင်ပစ္စည်းများ အားလုံး ကို ကြိတ်စက်ထဲ ထည့်ကြိတ်ပါ ။
  2. စောက်နက် အိုးထဲမှာ ဆီပူအောင် တည်ပါ ။  ဆီပူလာလျှင် ငပိကို အရင်မွှေးအောင် ဆီသတ်ပါ ။  ပြီးမှ ဟင်းအနှစ်များ ထည့်ပြီး ဆီသတ်ပါ ။  အနံ့သင်းမွှေးလာလျှင် အာလူးတုံးများ ထည့်ပြီး နှံ့အောင်မွှေပါ ။ ရေအနည်းငယ် ထည့်ပါ ။  မီးအနေတော်လောက်နဲ့  ၅ -၈ မိနစ်လောက် တည်ပါ။
  3. အာလူး အနည်းငယ် နူးလျင် ငုံးဥများနှင့် ဆား ထည့်ပြီး ဆီကျန် ရေကျန် လာသည် အထိတည်ပါ ။  ဆား မြည်းပြီး လိုတာ ထပ်ထည့်ပါ ။  မီးဖိုပေါ်က မချခင် ပင်စိမ်း အုပ်ပါ ။  ထမင်းပူပူလေးဖြင့် အတူ တွဲသုံးဆောင်လို့ ရပါပြီ ။

13403118_828484900614927_5492102283110139520_o

ပါဝင်ပစ္စည်းများ

  • ငုံးဥ – ၁၂ လုံး (ပြုတ်ထားပြီး အခွံခွာထားပါ)
  • အာလူး – ၂ လုံး (အခွံခွာပြီး အတုံးသေးလေးတွေတုံးထားပါ)
  • ဆား – တစ်ဝက် ဇွန်း (လက်ဖက်ဇွန်း)
  • ပင်စိမ်း – ၃ ပင် (ကြမ်းကြမ်းလေး ဖြတ်ထားပါ)
  • ဟင်းအနှစ်လုပ်ရန် ပါဝင်ပစ္စည်း (Curry Paste Ingredients) နနွင်းမှုန့် – ဇွန်း တစ်ဝက် (လက်ဖက်ဇွန်း)

Source: cookpad.com

  • ငပိစိမ်းစား – ၁ ဇွန်း (လက်ဖက်ဇွန်း)
  • ကြက်သွန်နီ – ၂ လုံး
  • ကြက်သွန်ဖြူ – ၃ တက်
  • ချင်း – ဇွန်း တစ်ဝက် (လက်ဖက်ဇွန်း)
  • ငရုတ်သီးခြောက် – ၈ တောင့်

Source: Precision Nutrition

  • အရောင်တင်မှုန့် – ၁ ဇွန်း (လက်ဖက်ဇွန်း)
  • ငံပြာရည် – ၁ ဇွန်း (လက်ဖက်ဇွန်း)
  • ကြက်သားမှုန့် – ၁ ဇွန်း ခွဲ (လက်ဖက်ဇွန်း)
  • အသီးအရွက်ဆီ – ၂ ဇွန်း (စားပွဲဇွန်း)
  • ခရမ်းချဉ်သီး – ၂ လုံး ( ခတ်ကြမ်းကြမ်းလေး တွေ လှီးထားပါ)

ပြုလုပ်နည်း

ဟင်းအနှစ်လုပ်ရန် ငပိကလွဲလို့ ကျန်ပါဝင်ပစ္စည်းများ အားလုံးကို ကြိတ်စက်ထဲ ထည့်ကြိတ်ပါ။

စောက်နက် အိုးထဲမှာ ဆီပူအောင် တည်ပါ။ ဆီပူလာလျှင် ငပိကို အရင်မွှေးအောင် ဆီသတ်ပါ။ ပြီးမှ ဟင်းအနှစ်များ ထည့်ပြီး ဆီသတ်ပါ။ အနံ့သင်းမွှေးလာလျှင် အာလူးတုံးများ ထည့်ပြီး နှံ့အောင်မွှေပါ။ ရေအနည်းငယ်ထည့်ပါ။ မီးအနေတော်လောက်နဲ့ ၅ -၈ မိနစ်လောက် တည်ပါ။

အာလူး အနည်းငယ် နူးလျှင် ငုံးဥများနှင့် ဆားထည့်ပြီး ဆီကျန် ရေကျန်လာသည်အထိတည်ပါ။ ဆား မြည်းပြီး လိုတာထပ်ထည့်ပါ။ မီးဖိုပေါ်က မချခင် ပင်စိမ်းအုပ်ပါ။ ထမင်းပူပူလေးဖြင့် အတူ တွဲသုံးဆောင်လို့ ရပါပြီ။