အလုပ်များသော သူများအတွက် အမြန်ဆုံးနည်းဖြင့် ဟင်းတစ်ခွက် ချက်နည်းလေးပါ။ အချိန်တိုတို စားချင် ဖွယ်ရာ ကောင်းသော ဟင်းလျာတစ်ခွက် ဖြစ်ပါတယ်။ စည့်အကြိုက်လည်းဖြစ်ပြီး အားလုံးလည်း ပြန်ချက် စားကြည့်လို့ရအောင် မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ပြည်ကြီးငါး – ၃ဝ ကျပ်သား (အတုံးသေးသေးလေးတွေ လှီးထားပါ)
- ငရုတ်သီးစိမ်း – ၂ဝ တောင့် (ကြိတ်ထားပါ)
- ငံပြာရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက်
- မန်ကျည်းမှည့် – လက်ဖက်ရည်ဇွန်း ၂ ဇွန်းခွဲ (အဖတ်လိုက်ထည့်ပါ)
- စိမ်းစားငါးပိ – စားပွဲဇွန်း ၁ ဇွန်း
- နံနံပင် – ၃ ပင် (ခပ်ကြမ်းကြမ်းလေးတွေ ဖြတ်ထားပါ)
- ပင်စိမ်း – ၂ ခက် (အရွက်တွေ ခြွေထားပါ)
- ဆား – လိုလျှင်ထည့်နိုင်ပါတယ်
ပြုလုပ်နည်း
- ကြိတ်စက်ထဲ နံနံရိုး၊ ငါးပိ၊ ငရုတ်သီးစိမ်း၊ မန်ကျည်းမှည့်များ အားလုံးထည့်ကြိတ်ပါ။
- ဟင်းအိုးထဲသို့ ရေအနည်းငယ်နှင့် ကြိတ်ထားသော အရာများ ပင်စိမ်းနှင့် နံနံရွက်က လွဲလို့ ကျန်ပါဝင်ပစ္စည်းများ အားလုံးထည့်ပြီး တည်ပါ။
- ရေပွတ်ပွတ် ဆူလာပြီး ငရုတ်သီးစိမ်း အနံ့ ပျောက်လျှင် ရပါပြီ။ ဆားမြည်းပါ၊ လိုတာ ထပ်ဖြည့်ပါ။
- မီးဖိုပေါ်မှချပြီး နံနံပင်အုပ်ပါ။ သရေကျစရာ၊ ဗိုက်ဆာဖွယ်ရာ၊ ဆွဲဆောင်မှုအနံ့လေးဖြင့် မြူဆွယ်ကောင်းသော ဟင်းတစ်ခွက်ရလာမှာပါ။