ပုံမှန်စားနေကျ ကြက်သားကိုမှ ရခိုင်ငပိချက်လေး တမျိုးပြောင်းပြီး အရသာမြည်းစမ်းစားသုံးနိုင်အောင် ချက်နည်းလေးကို ဖော်ပြပေးလိုက်ရပါတယ်။ အရသာအလွန်ကောင်းမွန်ပြီး ထမင်းစားတဲ့အခါမှာလည်း ခံတွင်းမြိန်မှာကတော့ အမှန်ပဲဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
- Chicken Wing Stick
- ငရုတ်သီးစိမ်း (စားနိုင်သလောက်)
- မန်ကျည်းသီးမှည့်
- အချိုမှုန်ှု
- နံနံပင်
- ဆား
- ဆနွင်းမှုန့်
- ငပိ
- ဆီအနည်းငယ်
ပြင်ဆင်ပြုလုပ်နည်း
- ပထမဆုံး ငရုတ်သီးစိမ်းကို ရေနည်းနည်းနဲ့ ရေခမ်းပြုတ်ပြီး မညက်တညက် ကြိတ်ထားပေးပါ။
- အိုးတစ်လုံးထဲမှာ ကြက်သားကို ဆား ၊ အချိုမှုန့် ၊ ဆနွင်းမှုန့်နည်းနည်း ၊ ငပိ(ကြိုက်သလောက်) ရေဖျော်ထည့် (ငပိများသွားရင်လည်းမကောင်းပါ၊) ငရုတ်သီးစိမ်းကြိတ်ထားတာထည့် ၊ ဆီပါတယ်ဆိုရုံလေးထည့် ၊ ရေထည့်ပြီး တည်ထားပါ ။
- ဆူပြီဆို ကြက်သားနူးမနူးကြည့် ၊ နူးပြီဆို မန်ကျည်းမှည့် ဖျော်ထားတာထည့်ပြီး ဆူအောင်စောင့်ပါ ။ ဆူလာပြီဆို နံနံပင် အုပ်ပြီး စားလို့ရပါပြီ ။
Credit: BabyAngle