ဘာကိုစားစား ရှူးရှူးရှဲရှဲလေးမှ အရသာရှိတယ်လို့ ဆိုသူများအတွက် ဒီဟင်းလျာလေးကို ပြောပြပေးချင်ပါတယ်နော်။ အိမ်မှာလည်းစားနေကျဆိုပေမယ့် ရခိုင်ဆိုတဲ့အတိုင်း အစပ်ကတော့ ပြင်းလှလို့ တမူထူးသွားပါတယ်နော်။ အစပ်ကလေးနဲ့ ထမင်းစားမြိန်လိုသူများအတွက် ဒီငပိထောင်းလေးက အကောင်းဆုံးပါပဲ။
ပါဝင်ပစ္စည်းများ
- မျှင်ငပိ
- ငြုပ်သီးစိမ်း
- ကြက်သွန်ဖြူ
- သံပုရာသီး
- ဟင်းချိုမှုန့်
ပြုလုပ်နည်း
- မျှင်ငပိကို မီးဖုတ်ပါ ။
- ငြုပ်သီးစိမ်းများကို ရေအနည်းငယ် ထည့်ရျ် ပြုတ်လှော်ပါ။
- ပြီးလျင် မျှင်ငပိ မီးဖုတ် ၊ ငြုပ်သီးစိမ်း ပြုတ်လှော် ၊ ကြက်သွန်ဖြူတို့ကို ရောထောင်းပါ။
- ဟင်းချိုမှုန့် အနည်းငယ် ထည့်ပါ။ ပြီးလျင် သံပုရာသီး ညှစ်ထည့်ပါ။
- မိမိနှစ်သက်ရာ အစပ် အပေါ့အငံ အနေတော်ဖြစ်လျင် သုံးဆောင်နိုင်ပါပြီ။
Credit: Ko Thank