ကိုရီးယား ဇာတ်လမ်းတွဲတွေထဲမှာ မင်းသား မင်းသမီးတွေ မြိန်ရေရှက်ရေ စားကြတဲ့ Ddeok Bok Ki (ကိုရီးယား Rice Cake) လေး ဘယ်လို ချက်လဲ ဆိုတာ ပြောပြပါ့မယ်။

ပါဝင်ပစ္စည်းများ

  • ဆန်မုန့် (Rice Cake) – ၃၀၀ ဂရမ်
  • ကိုးရီးယား ငရုတ်နှစ် (Korea Chili Paste) – ၄ ဇွန်း (စားပွဲတင်ဇွန်း)
  • ကိုးရီးယား ငရုတ်ကောင်း (Korea Hot Pepper) – ၁ ဇွန်း (စားပွဲတင်ဇွန်း)
  • ငါးဖယ် (Fish Cake) – ၅
  • သကြား (Sugar) – ၁ ဇွန်း (စားပွဲတင်ဇွန်း)
  • ငပိကောင် (Anchovies) – ၁၀ ကောင်
  • ရေ (Water)
  • ကြက်သွန်ဖြူ (Garlic)
  • ပဲငံပြာရည် (Soy Sauce)

ပြုလုပ်နည်း

  1. ပထမဦးစွာ Anchovies (ငါးနီတူ) ငါးခြောက် အကြီး ဆယ်ကောင်လောက်ကို ရေထည့်ပြီး ပြုတ်ပါ။ ရေအရောင် ပြောင်းပြီး ငါးများ နူးလာလျှင် ဆယ်ထုတ် လိုက်ပါ။ ငါးခြောက် အရည် ကိုပဲ အသုံးပြုမှာ ဖြစ်ပါတယ် ။
  2. ထို့နောက် ငါးခြောက် အရည် ၇၀၀ မီလီလီတာ (မီလီမီတာ ပါသော ချိန်ခွက်ဖြင့် ချိန်လို့ရပါတယ်) မရှိလျှင် လက်တစ်ဆစ်ကျော်လောက် မှန်းထည့်လို့ရပါတယ်။
  3. ငါးခြောက်ရည်ထဲသို့ အထက်မှာ ဖော်ပြထားသော အချိုးအတိုင်း ကိုရီးယား ငရုပ်သီး အနှစ် ၊ ငရုပ်သီးမှုန့် ၊ သကြား ၊ ကြက်သွန်ဖြူ ၊ ငံပြာရည် (Soy Sauce Light) တို့ကို ထည့်၍ မီးအေးအေး ထားပြီး မွှေပေးပါ ။
  4. ထို့နောက် Rice cake ကိုထည့်ပါ။ Rice Cake များနူးလာလျှင် Fish Cake (ငါးအသားပြား) ထည့်ပါ ။ (ပုံတွင် ကြည့်နိုင်ပါသည်) အရှည်လိုက် အစောင်းလေးတွေ လှီးပြီး ထည့်ပါ ။
  5. ထို့နောက် မုန်လာဥနီ ၊ ဂေါ်ဘီ ၊ ကြက်သွန် ၊ ကြက်သွန်မြိတ် ကြိုက်နှစ်သက်ရာ အရွက်များထည့်၍ စားသုံးနိုင်ပါသည် ။

မှတ်ချက် ။ ။ ကိုရီးယားများသည် တော့ပူကီထဲသို့ ခေါက်ဆွဲခြောက်ကို ရေနွေးဖျော၍ ထည့်စားပါသည် ။ Sausage (ဝက်အူချောင်း) များကိုပါးပါးလှီး၍ထည့် စားပါသည် ။ Seafood, ဝက်သား ကြိုက်နှစ်သက်ရာ အသားများထည့်၍ လည်းစားသုံးနိုင်ပါသည်။

Credit: ဇွဲသုသု