မိုးအေးတဲ့နေ့လေးမှာ ဒီလို အရည်သောက်ဟင်းတစ်ခွက်သာရှိမယ်ဆိုရင် အရမ်းပြည့်စုံသွားမှာပါ။ မိုးအေးအေးနဲ့ ပျင်းပျင်းရှိတဲ့ နေ့မှာ ရင်ထဲနွေးထွေးသွားစေပြီး စိတ်ထဲလန်းသွားစေမယ့် ဆန်မုန့်ဟင်းရည်သောက်ကို ချက်စားကြည့်လိုက်နော်။

ပါဝင်ပစ္စည်းများ

  • ဆန်မုန့်ချောင်း – ၁ ခွက်
  • ဝက်သား – ၁၇ဝ ဂရမ် (ပါးပါးအပြားလိုက်လေးလှီးထားပါ)
  • တရုတ်မုန်ညှင်းထုပ် – ၂ ထုပ် (ခေါင်းလှီးထားပါ)
  • ကြက်သွန်မြိတ် – ၂ ပင် (ခပ်သေးသေးပါးပါးလေးတွေလှီးထားပါ)
  • ရွှေအပ်မှို – ၂၂၅ ဂရမ် (အမြစ်ပိုင်းကို လှီးထုတ်ထားပါ)
  • ပဲပင်ပေါက် – ၁ ခွက်
  • လျှာပူလျှာပူအရည် – ခွက် တစ်ဝက်
  • ဝက်ရိုးပြုတ်ရည် – ၄ ခွက်
  • ငရုတ်ကောင်းမှုန့် – အနည်းငယ်
  • ဆား – အနည်းငယ်

ပြင်ဆင်ပြုလုပ်နည်း

  1. အိုးအကြီးထဲ ဝက်ရိုးပြုတ်ရည်နှင့် လျှာပူလျှာပူအရည်များထည့်ပြီး ဆူအောင်တည်ပါ ။
  2. အရည်ဆူလျှင် ဝက်သားပြားနှင့် ဆန်မုန့် ချောင်းလေးများထည့်ပြီး ၅-၈ မိနစ်လောက် (သို့) ဆန်မုန့် ချောင်းလေးများ အနည်းငယ်ပျော့အိတဲ့အထိ တည်ပါ ။
  3. မီးလျော့ပါ ။ ကျန်ပါဝင်ပစ္စည်းများ မုန်ညှင်းထုပ် ၊ ရွှေအပ်မှို ၊ ပဲပင် ပေါက်များထည့်ပြီး အနည်းငယ်နွမ်းတဲ့အထိတည်ပါ ။
  4. အသီး အရွက်များ အနည်းငယ်နွမ်းလျှင် ကြက်သွန်မြိတ်ဖြူး ပါ ။ ဆား မြည်းပြီး လိုတာကိုယ့်စိတ်ကြိုက်ထပ်ဖြည့်နိုင်ပါတယ် ။ ပူပူလေး သုံးဆောင်လျှင် ပိုကောင်းပါတယ် ။

မှတ်ချက် ။ ။ အသားကို ကိုယ်ကြိုက်နှစ်သက်ရာအသားဖြင့် ပြောင်းလဲသုံးဆောင်နိုင်ပါတယ် ။ ဝက်ရိုးပြုတ်ရည်မှာလည်း ကြက်ရိုးပြုတ်ရည် ၊ အမဲရိုးပြုတ်ရည်နှင့် အသီးအရွက် ပြုတ်ရည်များဖြင့်လည်း အစားထိုးနိုင်ပါတယ်။