အာလူး ထမင်းနယ်aချက်နည်းရော၊ စားနည်းရော၊ ရေးပေး လိုက်ပါပြီနော်။ မိသားစုရဲ့ ညနေဖက် အလုံးလုပွဲကိုတော့ မပြောမပြတော့ပါဘူး။ ဖိုးဖိုးဖွားဖွားကအစ၊ ဘေဘီလေးအဆုံး အကုန်ကြိုက်ကြမှာပါ။ ကျမ်းမာပြီး ပျော်ရွှင်သော မိသားစုလေး ဖြစ်ကြပါစေ။

ပါဝင်ပစ္စည်းများ (လူ ၄ ယောက် အဝစားစာ)

  • ဆန်   3 လုံး (နို့ဆီဗူး)
  • အာလူး   30 သား
  • ခရမ်းချဉ်သီး  30 သား
  • ပဲပုတ်  2 ချပ်
  • ကြက်သွန်နီ   20 သား
  • ကြက်သွန်ဖြူ   3 မွှာ
  • ဆနွင်း   အနည်းငယ်
  • ဆား အနည်းငယ်
  • မြေပဲလှော် အမှုန် ့
  • မကျီးရေ
  • ဆီ
  • ဂျူးမြစ်
  • နံနံပင်
  • ကြက်သွန်မိတ်
  • ငငြုပ်သီးတောင့်ကြော်

ပြုလုပ်နည်း

ဆန် နို့ဆီဗူး 3လုံး ချက်တဲ့အထဲကို ဆနွင်းနဲနဲ၊ ဆားနဲနဲထည့်ပြီး အနဲငယ်ပျော့ယုံချက်ပါ။ ရေငှဲ့ချက်ချက်၊ ပေါင်းအိုး နဲ့ချက်ချက်ရပါတယ်။ အာလူး 30သား ပြုပ်ပြီး အခွံကို နွှာပါ။

ပဲပုတ် 2ချပ်ကို မီးလေးပြပြိး ကင်၍ အမှုန့်လုပ်ပါ။ မြေပဲလှော်ကိုလည်း အမှုန့်လုပ်ထားပါတယ်။ ခရမ်းချဉ်သီး 30သားကို ပါးပါးလှီး၊ ကြက်သွန်နီလတ် ၁လုံး၊ ကြက်သွန်ဖြူ 3မွှာကို ထုထောင်းပြီး ဆီသတ်ပါ။

ပြီးလျင် ပဲပုတ်မှုန့်၊ မြေပဲမှုန့်ထဲ့ပါတယ်။ အရည်ကအနှစ်မို့၊ မပြစ်မကျဲမို့၊ ရေလိုသလောက် နဲနဲထည့်ပြီး အပေါ့အငံမြည်းပြီး ဆားထည့်ပါ။

ကိုင်းခရမ်းချဉ်နဲ့ရိုးရိုးခရမ်းချဉ်ရောချက်တာက အချဉ် အရသာ ရတာမို့ပိုကောင်းပါတယ်။ ရိုးရိုး ခရမ်းချဉ်နဲ့ဆို မချဉ်ရင် မကျီးရေ နဲနဲလေးထည့်ပါ။ သိပ်မချဉ်ရပါ။ ချဉ်တယ်ဆိုယုံလေးပါ။ ချဉ်တဲ့ခရမ်းချဉ်သီး အရသာလောက်ပဲ ချဉ်ပါ။

ကြက်သွန်နီ 20 သား၊ ဆီ 15 ကျပ်သားနဲ့ ဆနွင်းနဲနဲထည့်ပြီး ဆီချက်ချက်ထားပါ။ ထမင်းကို အအေးနဲနဲခံပြီး အာလူးတွေချေထည့်ပြီး ဆီချက် တဇွန်း (ဆီရော အဖတ်ပါ) ထည့်ပြီး စေးအောင်နယ်ပါ။

ပြီးရင် တခါစား အလုံးလေး လုပ်ထားပါ။ အလုံးလေးတွေကို ဆီပုတ်ပြိး စီထားပါမှ ဆီခနခန မကိုင်ရမှာပါ။ (ထမင်းထဲ ခရမ်းချဉ်သီးချက် နဲနဲထည့်နယ်လေ့လဲရှိပါတယ်။ အဲဒီအချိန်မှာ ငါးပြုတ်သားကို ထည့်နယ်တတ်ကြပါတယ်။)

ဂျူးမြစ်၊ နံနံပင်၊ ကြက်သွန်မိတ်၊ ငငြုပ်သီးတောင့်ကြော်တို့နှင့် တွဲဖက်စားပါ။

ပုဂံထဲအလုံးထဲထဲ့၊ ဖိပြားပြီး အပေါ်က ခရမ်းချဉ်သီးချက်ဆမ်း၊ ဆီချက်ဖြူးပြီး တွဲဖက်တွေနှင့် ကြိုက်သလို ထဲ့ ပြီး စားနိုင်ပါတယ်။ (ကိတ်မုန့်စားသလို တဇွန်းခြင်း ဖဲ့ဖဲ့စားကြည့်ပါ။ ချဉ်တဲ့အရသာ၊ ဆိမ့်တဲ့အရသာနဲ့ပဲပုတ်ရဲ့ မွှေးတဲ့အရသာပါ တခုစီ ခံစားရမှာပါ။)

Credit: Happy Family Time