ဒီနေ့တော့ ချက်စားရတာ အရမ်းလွယ်ကူပြီး ကျန်းမာရေးနှင့် ညီညွတ်တဲ့ Korean Ginseng Chicken ချက်နည်းလေးပါ။
ပါဝင်ပစ္စည်းများ
- ကြက် တစ်ကောင် Whole Chicken – 1 (700 g)
- ဂျင်စင်မြစ် Ginseng Roots – 3 Pcs
- ကောက်ညှင်းဆန် Glutinous Rice – 4 Tablespoons
- ကြက်သွန်ဖြူ Garlic – 4 Pcs
- ဇီးသီးအခြောက် Jujube (Red Dried)
ပြင်ဆင်ပြုလုပ်နည်း
- ပထမဦးစွာ ကြက်တစ်ကောင်လုံးကို ရေစင်အောင်ဆေးပါ။ ဗိုက်ထဲမှ သွေးခဲနှင့် အညစ်အကြေးများကို ပြောင်နေအောင် စိတ်ရှည်ရှည်ဖြင့် ဆေးပါ။ သွေးခဲများကျန်နေလျှင် Soup အရောင်မလှတော့ပဲ မဲညစ်ညစ်အရောင်ဖြစ်သွားပါလိမ့်မည်။
- သန့်စင်ပြီး ကြက်သားဝမ်းဗိုက်ထဲသို့ Gensing Root တစ်ချောင်းထည့်ပါ။ ကျန်သည့် ဂျင်စင်းအမြစ်များကို ကြက်သားပြုပ်သည့်အိုးထဲ အတူထည့်ပြုပ်ရပါမည်။ ထို့နောက် ကြက်ဝမ်းဗိုက်ထဲ့သို့ Glutinous Rice-ကောက်ညှင်းဆန်လေးဇွန်းထည့်ပါ။ ကြက်သွန်ဖြူထည့်ပါ။ စလေဇီးသီး အခြောက်ထည့်ပါ။ ထို့နောက် ကြက်ဝမ်ဗိုက် အရေပြားအား ဟိုဘက် ဒီဘက် ထုတ်ချင်းဖောက်၍ ကြက်ခြေထောက်နှစ်ချောင်းအား ကြက်ခြေခတ် ပုံချိတ်၍ ပိတ်ပါ။ (မလုပ်တက်လျှင် ကြက်ခြေထောက်နှစ်ချောင်းအား ကြိုးဖြင့်ချည်ပြီး ဗိုက်ထဲက အစာများ ထွက်မကျအောင်ပိတ်ပါ)
- ထို့နောက် ကြက်ပေါင်းမည့် မြေအိုး၊ ဒန်အိုး သင့်တော်ရာထဲသို့ထည့်၍ ကြက်သားရေမြုပ်အောင်ထည့်၍ ၄၅-မိနစ်ကြာအောင် ပေါင်းပေးပါ။ ထို့နောက် (ဆား ၊ ငရုပ်ကောင်းမှုန့်)ထည့်၍ အပေါ့ အငံမြည်းပြီး ပုံတွင်ပါသည့်အတိုင်း ထည့်၍ စားသုံးနိုင်ပါသည်။
Credit: Z.TT