သရက်သီးစိမ်း တွေလဲ ပေါ်နေပြီ ။ ဒါလေးလဲ လုပ်စားကြည့်လိုက်နော်။ သရက်သီးစိမ်းကြော် ကို အခုလို သရက်သီး ရှားနေချိန်မှာ ချက်စားမှ ပိုကောင်းတာကြောင့် အားလုံး သရေကျပြီး သရက်သီးစိမ်း ရှာဖွေရေး လုပ်ရအောင် မစည် ရဲ့ သရက်သီးကြော်။
ပါဝင်ပစ္စည်းများ
- သရက်သီးစိမ်း – ၃ လုံး (ဂျစ်နဲ့ အချောင်းလေး တွေရအောင် ခြစ်ချပါ)
- ပုစွန်ခြောက် အကောင်သေး – ၅ ကျပ်သား
- ဆား (အနည်းငယ်)
- အသီးအရွက်ဆီ – ၁၀ ကျပ်သား (ဆီလိုလျှင် ထပ်ထည့်ပါ)
- ငြုပ်သီး အရောင်တင်မှုန့် – ၁ ဇွန်း (စားပွဲတင်ဇွန်း)
- ငံပြာရည် – ၁ ဇွန်းခွဲ (စားပွဲတင်ဇွန်း )
- စိမ်းစားငါးပိ – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
- ကြက်သွန်နီ – ၅ ကျပ်သား (ထောင်းထားပါ)
- ကြက်သွန်ဖြူ – ၂ ကျပ်ခွဲသား (ထောင်းထားပါ)
- ကြက်သားမှုန့် – ၂ ဇွန်း (စားပွဲတင်ဇွန်း) (အချို ကြိုက်လျှင် ပိုထည့် လို့ရပါတယ်)
- နနွင်းမှုန့် – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
ပြုလုပ်နည်း
- မကပ်သော အကြော် အိုးထဲ သို့ဆီထည့်ပါ။ ပူလာလျှင် နနွန်းမှုန့်၊ ငြုပ်သီး အရောင်တင်မှုန့် နှင့် ကြက်သွန်ဖြူ/နီ ထောင်းထားတာ ထည့်ပါ။
- မွှေးပြီး အရောင် လှလာလျှင် ငံပြာရည် နှင့် ငါးပိ ထည့်ဆီသတ်ပါ။ သိသိသာသာ မွှေးလာပါလိမ့်မယ်။ ပုဇွန်ခြောက် အကောင်လေးတွေကိုထည့်လို့ရပါပြီ။ အနည်းငယ် ကျွတ်လာပြီ ဆိုလျှင် သရက်သီး အချောင်းလေးများကို ထည့်ပြီး မွှေပေးပါ။
- သရက်သီးများ နွမ်းလာလျှင် ဆား နှင့် ကြက်သားမှုန့် လည်းထည့်လို့ ရပါပြီ။ သရက်သီး အဖတ်လေးများ အရမ်းပျော့ ပြဲသည်အထိ မထားပါနှင့်။
- ဆားမြည်းပါ။ အငံလိုလျှင် ဆားထပ် ထည့်ပါ။ အချို လိုလျှင် ကြက်သားမှုန့် ထပ်ဖြည့်ပြီး မီးဖို ပေါ်က ချလို့ရပါပြီ။ ပဲဟင်းနဲ့ သာတွဲစားမယ် ဆို လိုက်ဖက်ပါတယ် ။
- ကျမ်းမာရေး နှင့် ညီလျှော်စွာ ချက်မယ် ဆိုလျှင် ဆီ နှင့် အငံ လျှော့ထဲ့ပါ။
Credit: Syi Foodsgarden