သရက်သီးစိမ်း တွေလဲ ပေါ်နေပြီ ။  ဒါလေးလဲ လုပ်စားကြည့်လိုက်နော်။ သရက်သီးစိမ်းကြော် ကို အခုလို သရက်သီး ရှားနေချိန်မှာ ချက်စားမှ ပိုကောင်းတာကြောင့် အားလုံး သရေကျပြီး သရက်သီးစိမ်း ရှာဖွေရေး လုပ်ရအောင် မစည် ရဲ့ သရက်သီးကြော်။

ပါဝင်ပစ္စည်းများ

  • သရက်သီးစိမ်း – ၃ လုံး (ဂျစ်နဲ့ အချောင်းလေး တွေရအောင် ခြစ်ချပါ)
  • ပုစွန်ခြောက် အကောင်သေး – ၅ ကျပ်သား
  • ဆား (အနည်းငယ်)
  • အသီးအရွက်ဆီ – ၁၀ ကျပ်သား (ဆီလိုလျှင် ထပ်ထည့်ပါ)
  • ငြုပ်သီး အရောင်တင်မှုန့် – ၁ ဇွန်း (စားပွဲတင်ဇွန်း)
  • ငံပြာရည် – ၁ ဇွန်းခွဲ (စားပွဲတင်ဇွန်း )
  • စိမ်းစားငါးပိ – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
  • ကြက်သွန်နီ – ၅ ကျပ်သား (ထောင်းထားပါ)
  • ကြက်သွန်ဖြူ – ၂ ကျပ်ခွဲသား (ထောင်းထားပါ)
  • ကြက်သားမှုန့် – ၂ ဇွန်း (စားပွဲတင်ဇွန်း) (အချို ကြိုက်လျှင် ပိုထည့် လို့ရပါတယ်)
  • နနွင်းမှုန့် – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)

ပြုလုပ်နည်း

  1. မကပ်သော အကြော် အိုးထဲ သို့ဆီထည့်ပါ။ ပူလာလျှင် နနွန်းမှုန့်၊ ငြုပ်သီး အရောင်တင်မှုန့် နှင့် ကြက်သွန်ဖြူ/နီ ထောင်းထားတာ ထည့်ပါ။
  2. မွှေးပြီး အရောင် လှလာလျှင် ငံပြာရည် နှင့် ငါးပိ ထည့်ဆီသတ်ပါ။ သိသိသာသာ မွှေးလာပါလိမ့်မယ်။ ပုဇွန်ခြောက် အကောင်လေးတွေကိုထည့်လို့ရပါပြီ။ အနည်းငယ် ကျွတ်လာပြီ ဆိုလျှင် သရက်သီး အချောင်းလေးများကို ထည့်ပြီး မွှေပေးပါ။
  3. သရက်သီးများ နွမ်းလာလျှင် ဆား နှင့် ကြက်သားမှုန့် လည်းထည့်လို့ ရပါပြီ။ သရက်သီး အဖတ်လေးများ အရမ်းပျော့ ပြဲသည်အထိ မထားပါနှင့်။
  4. ဆားမြည်းပါ။ အငံလိုလျှင် ဆားထပ် ထည့်ပါ။ အချို လိုလျှင် ကြက်သားမှုန့် ထပ်ဖြည့်ပြီး မီးဖို ပေါ်က ချလို့ရပါပြီ။ ပဲဟင်းနဲ့ သာတွဲစားမယ် ဆို လိုက်ဖက်ပါတယ် ။
  5. ကျမ်းမာရေး နှင့် ညီလျှော်စွာ ချက်မယ် ဆိုလျှင် ဆီ နှင့် အငံ လျှော့ထဲ့ပါ။

Credit: Syi Foodsgarden