ဒီတစ်ခါမှာလည်း ပဲနဲ့ငါးကိုရောပြီးဟင်းသစ်တစ်မျိုးလေးချက်စားကြရအောင်။ အရသာလေးတမူထူးပြီး လုပ်ရတာလည်းလက်မဝင်လို့ အိမ်ရှင်မတိုင်း သဘောတွေ့ကြမှာ အသေချာပါ။
ပါဝင်ပစ္စည်းများ
- ငါးကြင်း
- ဆား
- ဟင်းချိုမှုန့်
- နနွင်း
- ကြက်သွန်နီ – ၈ စိပ် (လှီးထားပါ)
- ခရမ်းချဉ်သီး – ၈ စိပ် (လှီးထားပါ)
- ဂျင်း (ပါးပါးရှည်ရှည်လေး လှီးထားပါ)
- ကြက်သွန်ဖြူ
- တရုတ်ပဲပုပ်စေ့
- ကြက်သွန်မိတ်
- နံနံပင်
- ကြာညို့
- ငြုပ်သီးစိမ်း
ပြုလုပ်နည်း
- ဦးစွာ ခုတ်ထားသော ငါးကြင်းကို ဆား ၊ ဟင်းချိုမှုန့် ၊ နနွင်း တို့နှင့် ရောနယ်ကာ ကြွပ်နေအောင် ကြော်ထားပါ ။
- ဆီအိုးပူထဲတွင် ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ဂျင်း တို့ကို ထည့်ကြော်ပါ ။
- ပြီးလျှင် တရုတ်ပဲပုပ်စေ့ ၊ ကြာညို့ ၊ ငါးကြော် တို့ကို ထပ်ထည့်ကာ ကြော်ပါ ။ ရေနွေး အနည်းငယ် ၊ ဟင်းခတ်မှုန့် ၊ ဆားအနည်းငယ် ထပ်ထည့်ပါ ။
- အိုးချခါနီးမှ ခရမ်းချဉ်သီး ထည့်ပါ ။
- ခဏထား ပြီးမှ ကြက်သွန်မိတ် ၊ နံနံပင် ၊ ငြုပ်သီးစိမ်း တို့ကို ထည့်လိုက်ပါ။ အရသာ အပေါ့အငံ မြည်းရျ် သုံးဆောင်နိုင်ပါပြီ ။
Credit: Phyu Phyuhnin