ပါဝင်ပစ္စည်းများ
- ပဲကြာဇံ – 250 g
- ပါးပါးလှီးပြီး ရေဆေးထားသော ကြက်သွန်နီ – 1 Cup (250 ml) ခန့်
- ခရမ်းကြွပ်သီး – ၁၀ လုံး (ပါးပါးလှီးပြီးနောက် မဲမသွားစေရန် ဆား- လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲခန့် ထည့်ဖျော်ထားသော ရေထဲစိမ်ထားပါ။)
- လှီးထားသော နံနံပင် – 1 Cup (250 ml)ခန့်
- Squid – 500 g
- ပုဇွန် – 500 g
- ဂုံး (Mussels) – 500 g
- အချဉ်ရည် – လိုအပ်သလို
ပြင်ဆင်ပြုလုပ်နည်း
ပဲကြာဇံ (250 g) ကို ၁ နာရီခန့် ရေစိမ်ကာ ရေပြန်စစ်ထားပါ ။ ထိုကြာဇံထဲ ဆူနေသောရေ လောင်းထည့်ပြီး ၇ မိနစ်ခန့် (သို့) ကြာဇံပျော့သည်အထိ အဖုံး ဖုံးထားပါ ။
ကြာဇံသား ပျော့ပြီဆိုလျှင် (မပြဲစေရ) ရေအေးနှင့်ဆေးကာ ရေစစ်ထားပါ ။
ခေါင်းဖြုတ် သန့်စင်ဆေးကြောကာ ရေစစ်ထားသော Squid များကို ဒယ်အိုးထဲထည့်ကာ ရေ နှင့် ဆီ လုံးဝမထည့်ပဲ High Heat ဖြင့် ၃ မိနစ်ခန့် အိုးပူတိုက်ပေးပါ ။
ပြီးလျှင် အိုးအပူရှိန်ကြောင့် ပိုကျက်ကာ ပိုကျုံမသွားစေရန် ချက်ချင်း ဒယ်အိုးမှ ဆယ်ထုတ်ပြီး အအေးခံကာ ကြိုက်နှစ်သက်ရာပုံ လှီးထားပါ ။
ပုဇွန်များကိုလည်း ဆီ နှင့် ရေ မထည့်ပဲ ၇ မိနစ်ခန့် (သို့) ကျက်ရုံ အိုးပူတိုက် လှော်ပေးပြီး မွမွလေးဖြစ်အောင် ခပ်ဖွဖွထုထားပါ ။ အခွံမပါသော Mussel များကိုလည်း ကျက်ရုံလှော်ပေးပါ ။ (ထွက်လာသောအရည်များကို အသုပ်အတွက်လိုအပ်သော Sauce လုပ်ရာတွင် သုံးပါမည်။)
အချဉ်ရည် လုပ်ရန် ပါဝင်ပစ္စည်းများ
- စိမ်းစားငပိ – ထမင်းစားဇွန်း ၁ ဇွန်းခန့်
- ငရုတ်သီးစိမ်း – ၂၅ တောင့် (သို့) စားနိူင်သလောက်
- ငရုတ်ကောင်းစေ့ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ကြက်သွန်ဖြူ အတက်ကြီး ၆ တက်
- ပင်လယ်စာများ အိုးပူတိုက်ရာမှ ထွက်လာသည့် အရည် ထမင်းစားဇွန်း ၈ ဇွန်း
- သံပုရာရည် – ထမင်းစားဇွန်း ၈ ဇွန်း
- မန်ကျဉ်းသီး အနှစ် – ထမင်းစားဇွန်း ၂ ဇွန်း
- ငါးငံပြာရည် – ထမင်းစားဇွန်း ၁၀ ဇွန်း
- သကြား – ထမင်းစားဇွန်း ၁ ဇွန်းခွဲ
- ပုဇွန်ခြောက်မှုန့် – ထမင်းစားဇွန်း ၁ ဇွန်းခွဲ
ပြုလုပ်နည်း
1. စိမ်းစားငပိကို ပန်းကန်ပြားထဲထည့်ကာ Paper Towel ဖြင့် ဖုံး၍ Microwave ထဲ စက္ကန့် ၃၀ ခန့် ထည့်ပါ ။ (သို့) မီးကင်ပေးပါ ။
2. ငရုတ်ကောင်းစေ့ ၊ ငရုတ်သီးစိမ်း နှင့် အနည်းငယ်ပါးအောင်လှီးထားသော ကြက်သွန်ဖြူ ကို မီးအေးအေးဖြင့် အတန်အသင့် မီးကျွမ်းအောင် လှော်ပေး (သို့) ကင်ပေးပြီး စိမ်းစားငပိဖြင့် တွဲထောင်းထားပါ ။ ပြီးလျှင် ကျန်ပါဝင်ပစ္စည်များထည့်ကာ ရောဖျော်လိုက်လျှင် လိုအပ်သော အချဉ်ရည် ကို ရပါပြီ ။ အချဉ်ရည်လိုအပ်သလို ချင့်ချိန်ထည့်ကာ တစ်ပွဲချင်းခွဲသုပ်ပေးပါ။ အရသာရှိစွာ သုံးဆောင်နိူင်ပါပြီ။
Credit: Chaw Su’s Food Friends