မိုးရာသီဟာ လတ်ဆတ်ပြီး စားလို့ မြိန်စေတဲ့ အသီးအနှံတွေ ပေါတဲ့ ရာသီပါ။ ဒီအသီးအနှံတွေထဲမှာ ဂွေးသီးလည်း အပါအဝင်ပါပဲ။ ဂွေးသီးကို ချက်စားစား တို့စားစား ထောင်းစားစား ခံတွင်း တွေ့စေပါတယ်။

ဂွေးသီးမှာ နှစ်မျိုး ရှိတာ သိကြမှာပါ။ ထောင်းစားတဲ့ ဂွေးသီးဟာ ဂွေးချဉ်သီးပါ။ ဈေးသက်သာပြီး စားလို့လည်း မြိန် အာဟာရကိုလည်း ပေးပါတယ်။ ဂွေးသီးမှာ ဗီတာမင်စီ ပါဝင်မှု များပြီး ကိုယ်ခံအားကို မြင့်တက်စေပါတယ်။
ရာသီ ဥတုကြောင့် ဖြစ်တဲ့ ဖျားနာမှုကို ကာကွယ်နိုင်ပါတယ်။
သူ့မှာ ပါတဲ့ Antioxidant ဟာ ကင်ဆာနဲ့ နှလုံးကို မဖြစ်စေပါဘူး။ တစ်နေ့တာ လိုအပ်တဲ့ အာဟာရကိုလည်း ပေးနိုင်ပါတယ်။ ဝမ်းချုပ်ခြင်းကို သက်သာစေပြီး အမျှင်ဓာတ် ပါဝင်မှုလည်း များပါတယ်။

ဂွေးသီးကို ရှမ်းပြည်ဘက်က ထောင်းတဲ့ ပုံစံမျိုးနဲ့ဆို ပိုမွှေးပြီး ပိုအရသာ ရှိလှပါတယ်။ အောက်ပြည်အောက်ရွာမှာတော့ ပုဇွန်ငါးပိလေးနဲ့ ထောင်းကြပါတယ်။ ရှမ်းပြည်မှာတော့ ပဲပုပ်ပေါ့။ ဂွေးသီးထောင်းမှာ အဓိက ပါဝင်တာကတော့

gweethee salad

  • ဂွေးသီး
  • မြေပဲ
  • ငရုတ်သီး
  • ပဲပုပ်
  • ကြက်သွန်ဖြူ
  • ဆား

အရင်ဆုံး ဂွေးသီးလေးတွေကို အညှာချွေပြီး ရေဆေးပါ။
ငရုတ်သီးကိုလည်း အညှာချွေပြီး ရေဆေးပါ။ ကြက်သွန်ဖြူနဲ့ ပဲပုပ်ကို ညက်အောင်ထောင်းပြီး ဂွေးသီးကို ထည့်ထောင်းပါ။ ပြီးရင် ငရုတ်သီးကို လိုသလောက် ထည့်ထောင်းရုံပါပဲ။ လှော်ပြီးသား မြေပဲ ကိုတော့ အရင်ဆုံး ထောင်းထားပြီး ဂွေးသီးတွေ အားလုံးကို ညှက်ရင် ရောပြီး ထောင်းလိုက်ပါ။ ဒါဆိုရင် ရပါပြီ။ ဂွေးသီးထောင်းကို ကြက်သွန်နီ၊ သံပုရာသီး တို့နဲ့ သုပ်စားလို့လည်း ရပါတယ်။

ဂွေးသီးဟာ ကယ်လိုရီ ပါဝင်မှု နည်းပေမယ့် ဝိတ်ချသူတွေ ဆိုရင်တော့ မြေပဲဆံ မထည့်ဘဲ ထောင်းစားပါ။