ဆေးပေါင်းခတဲ့ ညဆိုတဲ့ အယူနဲ့ တန်ဆောင်မုန်းလပြည့်ညတိုင်း မဲဇလီဖူးသုပ်စားကြလေ့ ရှိပါတယ်။ ကုန်းဘောင်ခေတ်ကတည်းက စားလာခဲ့ကြတယ်လို့ သိထားပါတယ်။ လပြည့်နေ့ဆိုရင် မဲဇလီဖူး ၀ယ်ဖို့ ရှားသွားတတ်တဲ့ အတွက် ကြိုဝယ်ထားဖို့တော့ လိုပါလိမ့်မယ်။

မဇ္ဈိမဒေသမှလာတဲ့ သာရကောမုဒိဆေး ကျမ်းအရ၊ တန်ဆောင်မုန်းလပြည့်ည သန်းခေါင်ယံ လမင်း ကြီးဝိုင်းစက်ပြည့်ဝန်းနေစဉ်မှာ ကြတ္တိ ကာနက္ခတ် နှင့်စန်းယှဉ်၍ ပုဏ္ဍာတိထီ (ဗေဒင်အခေါ် တိထီ ၁၅ လုံးအတွင်း) ဆေးပင် အပေါင်း ကို စောင့်ရှောက်သောနတ်တို့ သည် မဲဇလီပင်စောင့် နတ်မင်းကြီးထံ လာရောက်ခစားကြတာကြောင့် ထိုည ထိုအချိန်မှာ မဲဇလီကို ဆေးဖက်ဝင်အောင် စီရင်ခြင်းဟာ အချိန်အခါကောင်း တစ်ရပ်လို့  ဖော်ပြ ထားပါတယ်။

ထိုသို့ စီရင်ရာမှာလည်း လမင်း ကြီး ပြည့်ပြည့်၀၀ ပြည့်ဝန်းနေချိန်မှာ အရှေ့ ဖက် သို့  ထွက်နေသော မဲဇလီ အဖူး၊ အပွင့်၊ အရွက်တို့ ကို စုံလင်အောင် ဆွတ် ခူးယူ၍ ချက်ချင်းသုပ် စားရ မယ်လို့ ဆိုပါတယ်။ (ဆောင်းပါးရှင် ပေါက်ပေါက်ရဲ့ စာကို ကောက်နုတ်ဖော်ပြထားပါသည်)

seasonal salad

မဲဇလီဖူးသုပ်ဖို့ အတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့

  • မဲဇလီဖူး
  • ဆီချက်
  • ပဲမှုန့်
  • ပုဇွန်ခြောက်
  • ငံပြာရည်
  • ဟင်းခတ်မှုန့်
  • သံပုရာသီး
  • ကြက်သွန်နီ
  • ကြက်သွန်နီကြော်

15033956_312243042491464_1129013059_o-2

မဲဇလီဖူးကို ဈေးကနေ ၀ယ်လာပြီဆိုရင်တော့ ပြန်ပြုတ်ပြီး ရေအေးမှာ စိမ်ထားပါ။ ကြက်သွန်နီကို ပါးပါးလှီးပြီးထားပါ။ ဆီချက်ချက်ထားပါ။ ကြက်သွန်နီလေးကို အပေါ်က ဖြူးဖို့ အတွက် ကြော်ထားပါ။
မဲဇလီဖူးကို လေးစိပ်ကွဲအောင် အနည်းငယ် ထောင်းပေးပါ။
ကျွန်မကတော့ ပြုတ်ပြီးသား အတိုင်း ချွေပြီး သုပ်ပါတယ်။ ဆီချက်၊ ငံပြာရည်၊ ပုဇွန်ခြောက်မှုန့်၊ ဟင်းခတ်မှုန့်၊ သံပုရာရည်တို့နဲ့ ရောနယ်ပါ။
အပေါ့အငံမြည်းပြီး လိုတာ ထပ်ထည့်ပါ။ ပန်းကန်ထဲ ထည့်ပြီး ကြက်သွန်နီကြော်လေးကို အပေါ်ကနေ ဖြူးစားပါ။ ဒါဆိုရင်တော့ အရသာ ကောင်းမွန်တဲ့ ခါးစိမ့်စိမ့် မဲဇလီဖူးသုပ်လေး ရပါပြီ။

malzali

ပျော်ရွှင်ဖွယ် တန်ဆောင်တိုင်ပိတ်ရက်လေး ဖြစ်ပါစေ။