အခုနောက်ပိုင်းနိုင်ငံတွေမှာ ကျန်းမာစွာနေထိုင် စားသောက်နည်းကို စိတ်ဝင်စားစွာ လေ့လာနေကြပြီဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ကျန်းမာရေးအတွက် ဂရုစိုက်ပြီး ချက်ပြုတ်သလို ဟင်းလျာတွေကလည်း အရသာရှိဖို့ လိုအပ်နေပြန်ပါတယ်။

အရသာရှိတဲ့ ဟင်းလျာတွေက လူတွေရဲ့ဘ၀ကို အဓိပ္ပာယ်ပိုရှိစေတဲ့အပြင် အစားအစာတွေကို အလေအလွှင့်ဖြစ်မှုကနေလည်း လျော့ကျနိုင်ပါတယ်။

ဟင်းခတ် အမွှေးအကြိုင် လမ်းညွှန်

ဟင်းခတ် အမွှေးအကြိုင်က ဟင်းလျာကို အနံ့အရသာ ကောင်းစေပြီး တမူထူးခြားတဲ့ ခံတွင်းတွေ့မှုကို ခံစားရမှာဖြစ်ပါတယ်။

ဇီယာ

ဇီယာကတော့ မက်ဆီကန်၊ အိန္ဒိယနဲ့ အာဖရိက ဟင်းလျာတွေမှာ အများဆုံးထည့်ပြီး အသားနဲ့ စတူးတွေလုပ်ရာမှာ အများဆုံးသုံးပါတယ်။ မီးခိုးနံ့လိုမျိုး အနံ့နဲ့ အရသာက ပြင်းပြင်းရှရှ လေးပါ။

ဂျင်း   

ဂျင်းကိုတော့ အာရှဟင်းလျာတွေ ချက်ပြုတ်ရာမှာ ထည့်သုံးလေ့ရှိပြီး ဆော့စ်တွေ မုန့်ဖုတ်တာတွေနဲ့ ဟင်းအနှစ်လုပ်ရာမှာ အရသာရှိပါတယ်။

ပင်စိမ်း

 

ပင်စိမ်း၊ Oregano တို့ကို ခါးသက်သက်နဲ့ ခပ်ရှိန်းရှိန်း အရသာမျိုးရရှိဖို့ အသုံးပြုကြပါတယ်။ ဟင်းသီးဟင်းရွက်ဟင်းလျာတွေနဲ့ ချဉ်ချဉ်စပ်စပ် ဟင်းလျာတွေမှာ အသုံးများကြပါတယ်၊

ပူစီနံ

ပူစီနံရွက်က အနံ့အရသာ ပြင်းရှပြီး စိမ်းဖန့်ဖန့် လေးပါ။ ဟင်းသီးဟင်းရွက် ဟင်းလျာတွေ၊ အချိုပွဲ နဲ့ သိုးသားတွေလိုမျိုး အနံ့ပြင်းတဲ့ အသားတွေချက်ရာမှာ အသုံးပြုပါတယ်။

ဒီဆောင်းပါးကို ခနောကြက်သားမှုန့်ကနေ ပံ့ပိုးပေးထားပါတယ်။

ခနော ကြက်သားမှုန့်

ခနောကြက်သားမှုန့်က အလွယ်တကူ အသုံးပြုလို့ရပြီး ဟင်းလျာတွေကို မိသားစု အရသာရှိစွာ စားသုံးနိုင်အောင် ကူညီပေးနိုင်ပါတယ်။

သင့်ရဲ့ ဟင်းချက်တဲ့ အဖော်မွန်ဖြစ်တဲ့ ခနောကြက်သားမှုန့်က မီးဖိုချောင်ထဲမှာ ယုံကြည်မှုရှိရှိနဲ့ အရသာကောင်းတဲ့ ဟင်းလျာတွေ ချက်ပြုတ်နိုင်အောင် ကူညီပေးနိုင်ပါတယ်။