ရှမ်းချဉ်ကို ထမင်းစားတဲ့အခါဖြစ်စေ၊ ရှမ်းခေါက်ဆွဲစားတဲ့အခါဖြစ်စေ တွဲဖက်စားလေ့ရှိပေမယ့်လည်း ထမင်းကြော်အနေနဲ့ စားတာကတော့ ရှားမယ်ထင်ပါတယ်နော်။

ပါဝင်ပစ္စည်း

  • ရှမ်းချဉ် – 100g
  • ထမင်း – ၁ လုံး
  • ပုစွန် – ၁၀ သား
  • CPကြက်အူချောင်း – ၂ ချောင်း
  • ဂဏန်းချောင်း – ၂ ချောင်း
  • ဝက်အူချောင်း – ၅ ကျပ်သား
  • ပဲပြား – (၁)ဝက်
  • မုန်လာဥနီ(ကြီး) – (၁)ဝက်
  • ဘိုစားပဲ – ၅ တောင့်
  • ပန်းပွင့် – အနည်းငယ်
  • မုန့်ညင်းထုပ် – အနည်းငယ်
  • ကြက်သားမှုန့် – ၁ဇွန်း(စားပွဲတင်)
  • ပဲငံပြာရည်အကြည် – ၁ဇွန်း(စားပွဲတင်)
  •  ပဲငံပြာရည်အနောက် – ၁ဇွန်း(စားပွဲတင်)
  • သကြား – ၁ဇွန်း (လက်ဖက်ရည်)
  • ကြက်သွန်ဖြူ – ၅ မွှာ
  • ငရုတ်ပုထောင်း – အနည်းငယ်
  • ငရုတ်ကောင်း – အနည်းငယ်
  • ကြက်သွန်မိတ် – အနည်းငယ်
  • ကြက်ဥ

ပြုလုပ်နည်း

  1. ပုစွန်ကို အခွံခွာ ဂျီးထုတ် ရေဆေးထားပါ။ ကြက်အူချောင်း၊ ဝက်အူချောင်း ၊ ဂဏန်းချောင်း၊ အသီးအရွက် ၊ ရှမ်းချဉ်တို့ကို လှီးထားပါ ။ ထမင်းကို ကြက်သားမှုန့် အနည်းငယ်ဖြင့် နယ်ထားပါ။
  2. ဝက်အူချောင်း ၊ ကြက်ဥကို ကြော်ပြီး ဆယ်ထားပါ။ အိုးထဲသို့ ဆီ ၃ဇွန်းခန့် ထည့်ပြီး ၊ ပူလာလျှင် ကြက်သွန်ဖြူ ဓားပြား ရိုက်ထည့်ပါ။ ပုစွန်ထည့်ပါ။
  3. ငရုတ်ပု ထောင်းထည့်ပါ ။ ကြက်အူချောင်း ၊ ဂဏန်းချောင်း ၊ ပဲပြားထည့်ပါ။ ခဏမွှေပြီးလျှင် ရှမ်းချဉ် ထည့်ပါ။ ၂ မိနစ်လောက်နေလျှင် အသီးအရွက်များ ထည့်ပါ ။ သကြား ၊ ပဲငံပြာရည်အကြည်၊ အနောက်၊ ကြက်သားမှုန့် ထည့်ပြီး မွှေပါ။
  4. အသီးအရွက်များ ရလျှင် နယ်ထားသော ထမင်းထည့်ပြီး မွှေပါ။ အရသာ အနေတော်ဖြစ်လျှင် ကြက်သွန်မိတ် ၊ ငရုတ်ကောင်း ၊ နှမ်းဆီမွှေး ၂စက်ခန့် ထည့်၍ ရပါပြီရှင်။

Credit: ချက်ကြည့်ကျစို့